Trending Now

အာမေးနီးယားနိုင်ငံက ဇူလိုင်လမှစ၍ အေကေ-၁၀၃ ကလက်ရှ်နီကော့ဗ် ချေမှုန်းရေးရိုင်ဖယ်များ စတင်ထုတ်လုပ်မည်

Spread the love

အာမေးနီးယားနိုင်ငံက ဇူလိုင်လမှစ၍ အေကေ-၁၀၃ ကလက်ရှ်နီကော့ဗ် ချေမှုန်းရေးရိုင်ဖယ်များ စတင်ထုတ်လုပ်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၆

အာမေးနီးယားနိုင်ငံက အေကေ-၁၀၃ ချေမှုန်းရေးရိုင်ဖယ်များကို ယခုနှစ် ဇူလိုင်လမှစ၍ ထုတ်လုပ်တော့ မည်ဟု သိရသည်။

အာမေးနီးယားနိုင်ငံက ယခုနှစ် ဇူလိုင်လ ၁၀ ရက်အတွင်း အေကေ-၁၀၃ ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်များ စတင်ထုတ်လုပ်မည်ဟု ရုရှား စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

အာမေးနီးယားနိုင်ငံ၏ အေကေ-၁၀၃ ရိုင်ဖယ်များ နှစ်စဉ်ထုတ်လုပ်မှု အလက် ၅၀၀၀၀ အထိ ရှိလာ မည်ဟု မျှော်မှန်းရကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

အေကေ-၁၀၃ ချေမှုန်းရေးရိုင်ဖယ်များ ထုတ်လုပ်ရာ အပိုအစိတ်အပိုင်းများကို ရုရှားနိုင်ငံမှ ထောက်ပံ့ မည်ဟု ရိုက်တာသတင်းဌာနသို့ပေးပို့သည့် အီးမေးလ်မှတ်ချက်အတွင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။

အေကေ-၁၀၃ ချေမှုန်းရေးရိုင်ဖယ်များ ထုတ်လုပ်ရေး သဘောတူညီချက်ကို မေလ ၁၅ ရက်က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာမေးနီးယားနိုင်ငံမှာ တောင်ကော့ကေးဆပ်ဒေသတွင် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင် ငံတစ်ခုဖြစ်ပြီး ရုရှား စစ်ဘက်အခြေစိုက်စခန်းတစ်ခု လက်ခံထားရှိသည်။

–ကိုးကား–
ရိုက်တာ
Ref; Armenia to start producing AK-103 Kalashnikov rifles in July


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။