Trending Now

PDF အဖွဲ့ဝင်များ ဖမ်းဆီးထားသည့် ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ကျောင်းသား/သူများ အနက် (၂၈၅)ဦးကို ကယ်ဆယ်နိုင်ခဲ့

Spread the love

PDF အဖွဲ့ဝင်များ ဖမ်းဆီးထားသည့် ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ကျောင်းသား/သူများ အနက် (၂၈၅)ဦးကို ကယ်ဆယ်နိုင်ခဲ့

EPN
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အတွင်းသို့ PDF အဖွဲ့ဝင်များက ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက်ပိုင်းကဝင်ရောက်၍ ဆရာ၊ ဆရာမ၊ကျောင်းသား/သူများကိုဖမ်းဆီးထားရာမှ (၂၈၅)ဦးကို ကယ်ဆယ်ထားနိုင်ခဲ့သည်ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့၊ နံနက် ၇ နာရီခွဲခန့်က PDF အဖွဲ့ဝင် ၁၃၀ ဦးခန့်မှ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ၊ဆရာမများ၊လကျောင်း သား/သူများနှင့်လရုံးဝန်ထမ်းများကို ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်စဥ် PDF အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများနှင့် ရုံးဝန်ထမ်း (၂၈၅)ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်တွင် PDF အဖွဲ့ဝင်များသည် ဆရာ၊ဆရာမ၊ကျောင်းသား/ သူနှင့် ဝန်ထမ်းအချို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ ထွက်ပြေးသွားခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ကယ်ဆယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

” PDF အဖွဲ့ဝင်တွေ ဖမ်းခေါ်သွားတဲ့ လူတွေကို ကျွန်တော်တို့အနေနဲ့ လိုက်လံစုံစမ်းဆဲ ဖြစ်ပါတယ်။ လွတ်မြောက်နိုင်အောင် ကျွန်တော်တို့ အစွမ်းကုန်ဆောင်ရွက်မှာပါ။ ဒီ NUG၊ CRPH ဦးဆောင်နေတဲ့ PDF အဖွဲ့တွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားတွေကို ခြိမ်းခြောက်တာတွေ နိုင်ငံတော်ရဲ့အနာဂတ်ဖြစ်တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အဓိက အနှောက်အယှက်ပေးတာတွေ ခြိမ်းခြောက်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ် ” ဟု နစက သတင်းပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိတွေ့တိုက်ပွဲ ဖြစ်စဥ်အတွင်း လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုမရှိခဲ့ဘဲ PDF အဖွဲ့ဝင်များ၏ CNA တံဆိပ် CHIN NATIONAL ARMY တံဆိပ်များ တပ်ဆင်ထားသည့် ရုပ်အလောင်းအချို့နှင့် လက်နက်/ ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။