Trending Now

ဖားကန့်မြို့နယ်အတွင်း စျေးဆိုင်များသို့ ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေ

Spread the love

ဖားကန့်မြို့နယ်အတွင်း စျေးဆိုင်များသို့ ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေ

EPN
မြစ်ကြီးနား ၊ ဇွန် ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၊ ဆပ်မူကျေးရွာတွင် ယခုရက်ပိုင်းအတွင်း စျေးဆိုင်များသို့ ဖုန်းဖြင့်ဆက်သွယ်ကာ ဆိုင်အခွန်ပုံစံကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံခြင်းများဖြစ်ပေါ်နေကြောင်း ဖားကန့်ဒေသခံများထံမှသိရသည်။

အဆိုပါ ခြိမ်းခြောက်ငွေတောင်းခံသူများမှာ ဖုန်းနံပါတ် တစ်မျိုးတည်းဖြင့် ဆိပ်မူကျေးရွာအတွင်းရှိ စျေးဆိုင်အများစုကိုဆက်သွယ်ကာ ငွေတောင်းခံနေခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

” တောင်းတဲ့ငွေပမာဏကတော့ ဆိုင်တစ်ခုနဲ့တစ်ခု မတူဘူး။ ဖုန်းကတော့ ဒီရက်ပိုင်းအတွင်းမှာ ဒီတစ်လုံးပဲ လှည့်ဆက်နေတာ။ ဆိုင်အခွန်ပုံစံမျိုးပြောပြီး တောင်းတာ။ မပေးရင် အသက်အန္တရာယ်ပေးမယ်လို့လဲပြောတယ်။ ကြောက်တဲ့ဆိုင်တွေကလည်း ပေးကြတယ်။ တစ်ချို့ကလဲမပေးကြဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ ချိန်းခြောက်ငွေတောင်းခံမှုများမှာ မည်သည့် အဖွဲ့အစည်းများမှ ပြုလုပ်ခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကသာ လုပ်စားနေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မိကြောင်း ဆိပ်မူကျေးရွာနေ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

” ဒီဖြစ်စဉ်တွေက တစ်ခြားရပ်ရွာတွေမှာလည်း ဖြစ်သံကြားတယ်။ အခုလိုနိုင်ငံရေးကမကောင်း သတ်ဖြတ်ခံနေရတဲ့သတင်းတွေကြောင့် ဒေသခံတွေရဲ့ ကြောက်စိတ်က ရှိနေပြီးသား။ ဒါကိုအခွင့်ကောင်းယူပြီး လုပ်တာဖြစ်နိုင်တယ် ” ဟု ၎င်းကပြောသည်။

အလားတူ လွန်ခဲ့သည့် မေလအတွင်းကလည်း လုံးခင်းကျေးရွာရှိ စားသောက်ဆိုင်နှင့် ရွှေဆိုင်းမျာသို့ ဖုန်းနံပါတ် တစ်မျိုးတည်းဖြင့် ဆက်သွယ်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။