Trending Now

ဟိုပင်နယ်မြေရဲစခန်းမှ ပြည်သူများကို လက်ဆေးဆပ်ပြာများ ဝေမျှလှူဒါန်း

Spread the love

ဟိုပင်နယ်မြေရဲစခန်းမှ ပြည်သူများကို လက်ဆေးဆပ်ပြာများ ဝေမျှလှူဒါန်း

EPN
ဟိုပင်၊ မတ်၂၅

ဟိုပင်နယ်မြေရဲစခန်းမှ ယာယီစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ဟိုပင်မြို့ အထကကျောင်းကြီးရှေ့တွင်ယနေ့ မတ်၂၅ရက်နေ့ နံနက်ပိုင်းက ပြည်သူများကို လက်ဆေးဆပ်ပြာများ ဝေမျှလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

COVID 19 ရောဂါ ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ်လက်ဆေးကြရန် နှိုးဆော်သည့်အနေဖြင့် လက်ဆေးဆပ်ပြာခဲ ၂၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။

” COVTD 19 ရောဂါကို ကာကွယ်နိုင်ဖို့ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေထဲမှာ လက်ဆေးဖို့ဆိုတဲ့အချက် တိုက်တွန်းရင်းနဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်မိသားစုတွေ စုပေါင်းပြီး လက်ဆေးဆပ်ပြာ လှူဒါန်းပေးတာပါ”ဟု ဟိုပင်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မျိုးဦးကပြောသည်။

ထို့ပြင် ဟိုပင်တိုက်နယ်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စန္ဒာဝင်း နှင့်ကျန်းမာရေးအဖွဲ့ဝင်များ၊ ဟိုပင်မြို့အုပ်ချုပ်မှူး ဦးဝေလင်းဦး၊ မြို့မတောင်အုပ်ချုပ်ရေးမှူး ဦးကျော်သူရနှင့်အဖွဲ့တို့က COVID 19 နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြပြီး လက်ဆေးနည်းဖြစ်သည့် ” ဖဝါး ဖမိုး ၊ လက်ခေါက်ချိုး လက်ကြား လက်မ မကျန်ရ ကုတ်၍ ခြစ်ပါ လက္ခဏာ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ ” ဆိုသည့်အတိုင်း လက်ဆေးကြရန် ရှင်းပြခဲ့ကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။