Trending Now

အစိုးရ စက်မှု/ လက်မှုသိပ္ပံ (မိုးညှင်း)ကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

Spread the love

အစိုးရ စက်မှု/ လက်မှုသိပ္ပံ (မိုးညှင်း)ကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

EPN
မိုးညှင်း၊ မတ်လ ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အစိုးရစက်မှု/ လက်မှုသိပ္ပံ (မိုးညှင်း)ကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့၊ မတ်လ ၁၀ ရက်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (A.G.T.I) ဒီပလိုမာ အပ်နှင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်သည့် ခေတ်ပညာတတ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်းနှင့် ကျောင်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များမှ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများကို အခြေခံ၍ မိမိကျင်လည်ကြမည့်လုပ်ငန်းခွင် အသီးသီးတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်အောင် ကြိုးစားသွားကြစေလိုပါကြောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်က ပြောကြားခဲ့သည်။

ယင်းနောက် ဒီပလိုမာလက်မှတ်များပေးအပ်ရာ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့ပြအင်ဂျင်နီယာမှ ကျောင်းသား၊ ကျောင်သူ (၉)ဦး၊ လျှပ်စစ်ဆက်သွယ်ရေးမှ ကျောင်းသား ကျောင်းသူ (၁၀)ဦး၊ လျှပ်စစ်စွမ်းအားမှ ကျောင်းသား၊ ကျောင်းသူ (၆)ဦး၊ စက်မှုအင်ဂျင်နီယာမှ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးနှင့် သုတနည်းပညာမှ ကျောင်းသား၊ ကျောင်းသူ(၈)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၄)ဦးကို ကျောင်းအုပ်ကြီးက (A.G.T.I) ဒီပလိုမာလက်မှတ်များ အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။