Trending Now

မိုးကောင်းမြို့နယ်၊ ကုန်းတန်းကြီး ဆည်မြောင်းအနီး ရွှေတူးဖော်နေမှုအား ဒေသခံတောင်သူများ ကန့်ကွက်သွားမည်

Spread the love

မိုးကောင်းမြို့နယ်၊ ကုန်းတန်းကြီး ဆည်မြောင်းအနီး ရွှေတူးဖော်နေမှုအား ဒေသခံတောင်သူများ ကန့်ကွက်သွားမည်

EPN
မိုးကောင်း၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောအုပ်စု ကုန်းတန်းကြီး ဆည်မြောင်း အနီးတွင် ဘက်ဟိုးများဖြင့် ရွှေတူးဖော်နေမူကြောင့် ဆည်မြောင်းပျက်စီး၍ လယ်ယာစိုက်ပျိုး တောင်သူများ ရေရှည်တွင် အခက်အခဲ ဖြစ်လာနိုင်သည့်အတွက် ဆက်လက် မတူးဖော်စေရန် သက်ဆိုင်ရာသို့ ကန့်ကွက်တိုင်ကြားသွားမည်ဟု ‌ဒေသခံ တောင်သူများထံက သိရသည်။

အဆိုပါ ကုန်းတန်းကြီး ဆည်မြောင်း အထက်ပိုင်း နှင့် အောက်ပိုင်း နေရာတို့တွင် ဘတ်ဟိုးကြီးများနှင့် နေ့ ညမပျက် ရွှေတူးဖော်နေမူကြောင့် ဆည်မြောင်းများပျက်စီးလာ၍ တောင်သူများ စိုက်ပျိုးရေးအတွက် အခက်အခဲ ရှိလာနိုင်သည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း သက်ဆိုင်ရာ ဌာနများသို့ စာတင်တိုင်ကြားမည်ဖြစ်ကြောင်း ကုန်းတန်းကြီး တောင်သူတစ်ဦးက ပြောပြသည်။

“ဒီရွှေတူးဖော်က တရားဝင်လား တရားမဝင်လား မသိပေမယ့်၊ ဒီနှစ် ခြောက်လပိုင်းလောက်က စတင်လုပ်နေကြတာ ရွှေစတူးနေတာကို ရပ်ကျေး တာဝန်ခံတွေလည်း သိတယ် သူတို့လည်း ငွေစားထားကြတာ ထင်တယ်၊ ဘက်ဟိုးတစ်စီးကို သိန်းတစ်ရာ တောင်းတယ်လို့ ကြားတယ်၊ ဒီရွှေတူးဖော်မှုကို ဆည်မြောင်းက တာဝန်ရှိသူတွေလည်း တားသင့်တယ် အခုဆို ဆည်မြောင်းတွေ ပျက်စီးတော့မယ် အခုချိန်မတားရင် ပိုဆိုးမယ် အခုဆို သောက်သုံးရေက အစ ခက်ခဲလာပြီ အမြန်တားသင့်တယ် ” ဟု ၎င်းက သည်။

ကုန်းတန်းကြီးကျေးရွာအနီးရှိဆည်မြောင်း၏ အထက်ဘက်နှင့် အောက်ဘက်တို့ တွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင် (၅) ဦးခန့် ‌ရှိပြီး နေ့စဉ် ဘတ်ဟိုး (၆)စီး တို့ဖြင့် တူးဖော်နေကြရာ လုပ်ကွက်ဧရိယာ ခုနှစ်ဧက နီးပါးခန့် ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ရွှေတူးဖော် လုပ်ကိုင်သူများသည် ယခင်က အင်းတော်ကြီးဘက်တွင် ရွှေတူးဖော်နေကြသူများ ဖြစ်ကြပြီး လက်ရှိအချိန်တွင် လုပ်ကွက်မရှိတော့သည့်အတွက် မိုးကောင်းမြို့နယ်၊ ပင်းဘောအုပ်စု ကုန်းတန်းကြီးကျေးရွာအနီး ရပ်ကျေးများ၊ အခြားအခြားသော အဖွဲ့အစည်းများကို ငွေပေးကာ ယခုကဲ့သို့ ရွှေတူးဖော်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းကဲ့သို့ ကုန်းတန်းကြီး ဆည်မြောင်း အနီးတွင် ဘက်ဟိုးများဖြင့် ရွှေတူးဖော်များအား တာဝန်ရှိသူများမှ တားမြစ်ရန်အတွက် ဒေသခံ တောင်သူများ စုပေါင်းကာသက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်သို့ ကန့်ကွက်တိုင်ကြားသွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု ‌ဒေသခံ တောင်သူများထံက သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။