Trending Now

အိမ်သို့ လမ်းလျောက်ပြန်လာသည့်အမျိုးသားတစ်ဦး စက်သုံးဆီသယ်ယာဉ်ဖြင့် တိုက်မိကာ နေရာတွင် ပွဲချင်းပြီး သေဆုံး

Spread the love

အိမ်သို့ လမ်းလျောက်ပြန်လာသည့်အမျိုးသားတစ်ဦး စက်သုံးဆီသယ်ယာဉ်ဖြင့် တိုက်မိကာ နေရာတွင် ပွဲချင်းပြီး သေဆုံး

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၁၃ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် နယ်မြေ (၁၆) တွင် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခွဲအချိန်ခန့်က အိမ်သို့ လမ်းလျောက်ပြန်လာသည့်အမျိုးသားတစ်ဦးကို စက်သုံးဆီသယ်ယာဉ်တစ်စီးမှ တိုက်မိကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဗလီမှ ဝတ်ပြုပြီး အိမ်သို့ လမ်းလျှောက် ပြန်လာသည့် အမျိုးသား တစ်ဦးသည် ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်တွင် စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှ ဆီသယ်ယာဉ်ကား (ငယ်) မှ ဝင်တိုက်မိကာ ယင်းအမျိုးသားမှာ ကားအောက်ခြေသို့ ရောက်ရှိပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူ တစ်ဦးက ပြောပြသည်။

“သေဆုံးတဲ့ဦးလေးက ဗလီကနေဝတ်ပြုပြီး ပြန်လာတာ၊ ခါတိုင်းက ဆိုင်ကယ်နဲ့ အသွားအလာ လုပ်လေ့ရှိတာ၊ ဒီနေ့မှ လမ်းလျောက်ပြန်တာ၊ ကားနဲ့ တိုက်မိပြီး ကားအောက်ဝင်သွားတာ၊ ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ပဲ နေရာမှာပဲ သေသွားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သေဆုံးသူမှာ အသက် ၄၅ နှစ်ခန့်အရွယ် ဦးတင်ဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ဦးခေါင်းကြေမွဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆီသယ်ဆောင်ယာဉ် မောင်းနှင်သူ အသက် ၂၄ နှစ်အရွယ် ကိုကောင်းခန့်ဇော်ကို မြစ်ကြီးနားမြို့ နယ်မြေ ရဲစခန်းတွင် (ပ) ၁၄/၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။