Trending Now

ဒေလီ ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

ဒေလီ ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၈

အိန္ဒိယနိုင်ငံ၏ မြို့တော် ဒေလီမြို့ ကျန်းမာရေးဝန်ကြီး ဆတ်ရန်ဒါဂျိန်းတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ပိုး တွေ့ရှိခဲ့သည်။ “ကျွန်တော့်မှာ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်တွေ့ရှိပါတယ်” ဟု ဆတ်ရန်ဒါက တွစ်တာ၌ ရေး သားခဲ့သည်။

ဇွန်လ ၁၆ ရက်က ဆန်ရန်ဒါကို စစ်ဆေးမှုပြုလုပ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ပေ။ သို့သော် လည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပြသမှုကြောင့် ၄င်းကု နောက်တစ်ကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့သည်။

အဖျားရောဂါနှင့် အသက်ရှုကျပ်ခြင်းကြောင့် ဇွန် ၁၅ ရက်တွင် ဆတ်ရန်ဒါကို ရာဂျစ်ဂန္ဓီအထူးကုဆေးရုံ (RGSSH) သို့ တင်ခဲ့သည်။ “အဖျားရောဂါနဲ့ အောက်ဆီဂျင် ရုတ်တရက် ကျဆင်းမှုကြောင့် ပြီးခဲ့တဲ့ညက ကျွန် တော့်ကို RGSSH ဆေးရုံ တင်ခဲ့ပါတယ်” ဟု ၄င်းက တွစ်တာ၌ ရေးသားခဲ့သည်။

ဆတ်ရန်ဒါသည် ဒေလီပြည်နယ်ဝန်ကြီးချုပ် အာဗင်ကာရီဝယ်လ် အပါအဝင် ဒေလီအစိုးရ အကြီးတန်း ခေါင်းဆောင်ပိုင်းနှင့် အစည်းအဝေးများစွာ ပြုလုပ်ခဲ့သည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာမက်ရှားနှင့် အစည်းအဝေးတစ်ခုလည်း တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဒေလီပြည်နယ်ဝန်ကြီးချုပ် အာဗင်ကာရီဝယ်လ်က အဖျားရောဂါနှင့် လည်ချောင်းနာ ရောဂါကြောင့် နေအိမ်၌ သီးသန့်ခွဲနေခဲ့သော်လည်း ၄င်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ပေ။

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၄၄၆၈၈ မှုနှင့် သေဆုံးသူ ၁၈၃၇ ဦးရှိသော ဒေလီမြို့တော်မှာ အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တတိယအမြင့်ဆုံးပြည်နယ်ဖြစ်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Delhi health minister Satyendar Jain tests positive for Covid-19 after negative result


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။