Trending Now

အမေရိကန်သည် တရုတ်နှင့် ရုရှားတို့ကို အဓိကထားသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ထုတ်ပြန်ခဲ့

Spread the love

အမေရိကန်သည် တရုတ်နှင့် ရုရှားတို့ကို အဓိကထားသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ထုတ်ပြန်ခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

အမေရိကန်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးမူဝါဒကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး စာမျက်နှာ ၄၈ မျက်နှာပါရှိသည့် ထုတ်ပြန်ချက်တွင် ကြီးကြီးမားမား နိုင်ငံခြားရေးမူဝါဒ အယူဝါဒသစ်များ မပါဝင်ဘဲ ယင်းအစား အာဏာရှင်စနစ် ထွန်းကားလာမှုကဲ့သို့ ကမ္ဘာ့ခြိမ်းခြောက်မှုများကို ကျော်လွှားရန် ဟူသော အမြင်ကိုသာ မီးမောင်းထိုးပြခဲ့သည်။

ရုရှား၏ကျူးကျော်မှုအပြီးတွင် စီးပွားရေးအရ တရုတ်နိုင်ငံသည် အမေရိကန်အတွက် အကျိုးဆက်အရှိဆုံး ပြိုင်ဘက်ဖြစ်ပြီး အမေရိကန်သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားရန် အတွက် စီးပွားရေးပြိုင်ဆိုင်မှုတွင် အမေရိကန် အနိုင်ရရှိရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးမှု အားကောင်းလာစေရန်နှင့် ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံဖြစ်လာရန် ရည်မှန်းချက်များ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ အကြမ်းဖက်ဝါဒ၊ စွမ်းအင်အကူးအပြောင်းနှင့် ငွေကြေးဖောင်းပွမှုအပါအဝင် နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဝါရှင်တန်သည် တရုတ်နိုင်ငံ၏ဆက်ဆံရေးကို စီမံခန့်ခွဲရမည်ဟု အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ က ပြောကြားခဲ့သည်။

ရုရှားသည်လည်း ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်သော ကျူးကျော်စစ်ပွဲကို ပြသခဲ့သလို ရုရှားက ယနေ့ခေတ် နိုင်ငံတကာ စည်းမျဉ်းစည်းမျဉ်း၏ အခြေခံ ဥပဒေများကို မဆင်မခြင် ရှုံ့ချကာ လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာ စနစ်အတွက် ချက်ချင်း ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေပါသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဒါ့အပြင် နျူကလီးယားလက်နက်ကို အသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကို အသုံးပြုခြင်းအားဖြင့် ရုရှား သို့မဟုတ် မည်သည့်အင်အားကြီးနိုင်ငံကိုမဆို အမေရိကန်ပြည်ထောင်စုက ခွင့်ပြုမည်မဟုတ်ကြောင်း စာတမ်းသစ်တွင် ဖော်ပြထားသည်။

အမေရိကန်သည် ဒီမိုကရေစီနိုင်ငံများနှင့် စီးပွားရေးပြိုင်ဆိုင်မှုများအပါအဝင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကမ္ဘာတဝှမ်းရှိ အမေရိကန် မဟာမိတ်များနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

— ကိုးကား —
ရိုက်တာ
ref; Biden’s national security plan takes aim at China, Russia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။