Trending Now

အကျဉ်းသားလေးဦးကို ကွက်မျက်ခြင်းက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

Spread the love

အကျဉ်းသားလေးဦးကို ကွက်မျက်ခြင်းက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၆

ဖြိုးဇေယျာသော်အပါအဝင် အကျဉ်းသားလေးဦးကို ကွက်မျက်ခြင်းက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဇူလှိုင်လ ၂၅ ရက်နေ့မှာပြောဆိုခဲ့ပါတယ်။

“စစ်အစိုးရရဲ့ အတုအယောင် စုံစမ်းမှုတွေနဲ့ ဒီကွပ်မျက်မှုတွေဟာ ဒီမိုကရေစီကို ငြိမ်းသတ်ဖို့ ဗြောင်ကျကျ ကြိုးပမ်းနေတာပါ၊ ဒီလုပ်ရပ်တွေက သတ္တိရှိတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ ဖိနှိပ်မှာ မဟုတ်ဘူး” လို့ အန်တိုနီ ဘလင်ကင်က ပြောဆိုခဲ့တာပါ။

ဒီမိုကရေစီရရှိဖို့ တိုက်ပွဲဝင်နေရာမှာ အမေရိကန် ပြည်ထောင်စုက မြန်မာပြည်သူတွေနဲ့ အတူရပ်တည်လျက်ရှိပြီး ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကိုလေးစားဖို့ တိုက်တွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ထည့်သွင်းပြောဆိုသွားပါတယ်။

“စစ်အာဏာရှင်လက်အောက်မှာ တစ်ရက်တောင် မနေလိုကြောင်း ပြသခဲ့တဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်တွေကို လေးစားလိုက်နာဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။” လို့ သူကပြောဆိုခဲ့ပါတယ်။

အခုလို အကျဉ်းသား ကွက်မျက်မှုဟာ အရှေ့တောင်အရှနိုင်ငံများအသင်းနဲ့ လက်ရှိ ဥက္ကဌကို တိုက်ရိုက်ပြစ်တင်ရှုံ့ချလိုက်တာ ဖြစ်တယ်လို့ သူကပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ်ဆက်လက် ဖိအားပေးသွားဖို့ နိုင်ငံအားလုံးကို တောင်းဆိုခဲ့ပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။