Trending Now

စားသောက်ဆိုင်များ၌ စားပွဲဝိုင်းများကိုအနည်းဆုံး (၆)ပေကွာထားရမည်ဟုဆို

Spread the love

စားသောက်ဆိုင်များ၌ စားပွဲဝိုင်းများကိုအနည်းဆုံး (၆)ပေကွာထားရမည်ဟုဆို

EPN
မိုးကောင်း၊ မတ် ၂၉

“မိုးကောင်းမြို့မှာ COVID-19 စောင့်ကြည့် လူနာတွေ့ရှိလာတဲ့အတွက် မြို့ပေါ်မှာရှိတဲ့စားသောက်ဆိုင်တွေ၊ လ္ဘက်ရည်ဆိုင်တွေ၊ ရောင်းအားကောင်းတဲ့ခေါက်ဆွဲဆိုင်တွေအနေနဲ့ စားပွဲဝိုင်း‌တွေကို အနည်းဆုံး (၆)ပေကွာထားရမှာဖြစ်ပြီး စားပွဲဝိုင်း‌တွေကို လျော့ချသွားရမှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်ဥက္ကဌ ဦးတင်လင်းက ဆိုသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် COVID-19 စောင့်ကြည့်လူနာတွေ့ရှိသဖြင့် မတ်လ (၂၉)ရက် နံနက်ပိုင်းက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှဦးစီး၍ ဌာနပေါင်းစုံပါဝင်သောအဖွဲ့မှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးအတွက် မြို့ပေါ်မှာရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ ရောင်းအားကောင်း‌သော ခေါက်ဆွဲဆိုင်များကို ပဏာမအသိပညာပေးသွားရောက်ရာတွင် မြို့နယ်စည်ပင်ဥက္ကဌမှ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ဆိုင်တွေအနေနဲ့ ဆိုင်ရှေ့မှာလက်ဆေးစင်ထားရပါမယ်။ အစားအသောက်ပို့တဲ့ကလေးတွေအနေနဲ့လည်း လက်အိတ်ကိုအသုံးပြုရပါမယ်။ ရေနွေးဓါတ်ဗူးတွေ၊ အကြမ်းပန်းကန်တွေကိုလည်း မကြာခဏသန့်စင်ပေးရပါမယ်။ အကယ်၍ စောင့်ကြည့် လူနာရဲ့အဖြေက Positive သာဖြစ်ခဲ့မယ်ဆိုရင် ဆိုင်တွေအားလုံး ပါဆယ်သာ ရောင်းချခွင့်ပြုတော့မှာဖြစ်ပါတယ်”ဟု၎င်းမှ ဆက်၍ပြောသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ သစ္စာရပ်ကွက်တွင်နေထိုင်သော အသက် (၆)နှစ်အရွယ် မိန်းခလေးငယ်တွင် COVID-19 သံသယလက္ခဏာများတွေ့ရှိသဖြင့် မတ် (၂၈)ရက်နေ့က မြို့နယ်ဆေးရုံသို့ရောက်ရှိလာ၍ မြို့နယ်ဆေးရုံတွင် စောင့်ကြပ်ကုသလျှက်ရှိပြီး ဆေးစစ်ချက်များကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။