Trending Now

ဆက်ကြေးမပေးတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို အကြမ်းဖက်သမားတွေက ဒလန်လို့ စွပ်စွဲပြီး သေနတ်နဲ့ ပစ်သတ်

Spread the love

ဆက်ကြေးမပေးတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို အကြမ်းဖက်သမားတွေက ဒလန်လို့ စွပ်စွဲပြီး သေနတ်နဲ့ ပစ်သတ်

EPN

ဝက်လက် ၊ မေ ၁၉

စစ်ကိုင်းတိုင်း ၊ရွှေဘိုခရိုင် ၊ ဝက်လက္မြို့နယ် ၊သရက်ကြီးကျေးရွာ ၊ စစ်ကိုင်း ရွှေဘို ကားလမ်းပေါ်က ဆက်ကြေးမပေးတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို မနေ့က မေ ၁၈ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က ဒလန်လို့ စွပ်စွဲပြီး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သေဆုံးသူရဲ့ မိတ်ဆွေတွေဆီက သိရပါတယ်။

” စစ်ကိုင်း ရွှေဘိုကားလမ်းပေါ်က ရွှေပြည်သာ စားသောက်ဆိုင်ပိုင်ရှင် ကိုကျော်စိုး အသတ်ခံရတာဖြစ်ပါတယ်၊ မနက်အစောကြီး ၂ နာရီဝန်းကျင်မှာ အကြမ်းဖက်သမား ၅ ဦးက ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ကိုကျော်စိုးကိုယ် သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ နယ်ခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ကိုကျော်စိုးရဲ့ ရုပ်အလောင်းကို နယ်ခံ လူမှုကူညီရေး အဖွဲ့တွေက ဝက်လက် ပြည်သူ့ဆေးရုံဆီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ဝက်လက္မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဖို့ စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။