Trending Now

မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဧပြီ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မှုးယစ်ဆေးဝါးနိမ်နင်းရေး တပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွာသစ်လမ်းမပေါ်၌ ဒွဲဆိုင်းမိုင် မောင်းနှင် လာသည့် မော်တော်ယာဉ်နှင့် မနန်းအောင် မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီးတို့အား ရဲတပ်ဖွဲ့ဝင်များက သတင်းအရရှာဖွေရန် ရပ်တန့်ခိုင်းစဉ် မနန်းအောင် မှာ မော်တော်ယာဉ်အား ရပ်တန့်ထွက်ပြေးသွားခဲ့ပြီး ၎င်းယာဉ်ပေါ်မှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် ဒွဲဆိုင်းမိုင် အား မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွာသစ်လမ်းရှိ မနန်းအောင် ၏ နေအိမ်မှ Honda Fit မော်တော်ယာဉ် ၁ စီးအား လည်းကောင်း၊ ည ၉ နာရီခွဲအချိန် မြစ်ကြီးနားမြို့၊ စီတာပူမုန်ကြိမ်ရပ်ကွက်ရှိ ဒွဲဆိုင်းမိုင် ၏နေအိမ်မှ ဘိန်းဖြူ ၇ ဒသမ ၁၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၈ သိန်း တို့အားလည်းကောင်း ထပ်မံသိမ်း ဆည်းရမိခဲ့သည်။

စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၂၅ ကီလို ၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးရမိသူ ဒွဲဆိုင်းမိုင်အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။