Trending Now

နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ကွယ်လွန်

Spread the love

နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ကွယ်လွန်

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၉

ဂန္တဝင် သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ လူကြိုက်များကျော်ကြားခဲ့တဲ့ နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါဟာ သာမန်လူကြီးရောဂါဖြင့် ယမန်နေ့ ည ၁၂ နာရီ အချိန်ခန့်က ကွယ်လွန်သွားပြီလို့ သိရပါတယ်။

မန္တလေးမြို့က ထင်ရှားတဲ့ မြို့မတူရိယာအသင်းက ဂီတစာဆိုကြီး တစ်ဦးဖြစ်တဲ့ တေးရေးဆရာကြီး မြို့မကိုပေါ ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။

ဂန္တဝင်ဂီတစာဆိုကြီးမြို့မကိုပေါကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့ကနေ မန္တလေးမြို့ ဒါးတန်းရပ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အမည်ရင်းမှာ ဦးကျော်စိုးဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစလို့ မြို့မ တူရိယာဝိုင်း မှာ ဆက်ဆိုဖုန်း တီးခတ်သူ အဖြစ်မှ စတင်၍ ဂီတ လောကသို့ ရောက်ရှိခဲ့သူဖြစ်ပြီး မန္တလေးရုပ်ရှင်ခေတ် မှာ ကင်မရာဆရာ အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်မှာတော့ ကိုယ်ပိုင်မေတ္တာ ဇာတ်ကား နဲ့ ဓာတ်ပုံထူးချွန်ဆုကို ဆရာကြီး ဦးလူကလေးနှင့်အတူ ပူးတွဲရရှိခဲ့ပါတယ်။
၁၉၈၅ ခုနှစ်က သင်္ကြန်မိုး ရုပ်ရှင်ကား ရဲ့ နှစ်ကိုယ်တူ ချစ်သမျှ သီချင်း၊ ဒဏ္ဍာရီ (၁၉၉၁) ရုပ်ရှင်ကားရဲ့ အောင်ဇေမင်္ဂလာ သီချင်းတွေဟာ ဆရာကြီးရဲ့ အထူးထင်ရှားခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ချစ်အာရုံ၊ နှစ်ကိုယ်တူချစ်သမျှ၊ ပန်းမျိုးတရာ၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲနှစ်ယောက်ထဲ၊ မောင်မယ်တို့နှစ်ဦးနဲ့ မခွဲတမ်းကြင်မယ် ဆိုတဲ့ သီးချင်းတွေကို ရေးစပ်သီကုန်းခဲ့သူတစ်ဦးဖြစ်ပါတယ်။

တေးရေးဆရာကြီး မြို့မကိုပေါရဲ့ ရုပ်အလောင်းကို သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်မှာ ရက္ကန်းဝင်းနေအိမ်ကနေ အေးရိပ်ငြိမ်းသုဿန်သို့ ပို့ဆောင်သင်္ဂြုလ်သွားမှာဖြစ်ပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။