Trending Now

ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့အဖွဲ့တွေကို တံခါးဖွင့်ထားပြီး ကြိုဆိုနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

Spread the love

ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့အဖွဲ့တွေကို တံခါးဖွင့်ထားပြီး ကြိုဆိုနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တံခါးဖွင့်ထားပြီး ကြိုဆိုနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မှာ ပြုလုပ်တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၄ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိခိုက်နှစ်နာမှုတွေ များစွာဖြစ်ပေါ်စေသလို ငြိမ်းချမ်းမှုမရှိတဲ့ ဒေသမှာ ဖွံဖြိုးတိုးတက်မှုဟာ အလှမ်းဝေးနေမှာဖြစ်ပြီး ဒေသခံတွေရဲ့ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေးတွေဟာလည်း နှိမ့်ကျနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

န.စ.က ဟာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း တံခါးဖွင့်ပြီး ကြိုဆိုနေကြောင်း နဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။