Trending Now

Victory Day မတိုင်ခင် ရုရှား ထိုးစစ်ဆင်မှု တိုးမြှင့်

Spread the love

Victory Day မတိုင်ခင် ရုရှား ထိုးစစ်ဆင်မှု တိုးမြှင့်

EPN
နိုင်ငံတကာ၊ မေ ၂

နာဇီဂျာမနီကို ဆိုဗီယက် အနိုင်ရရှိခဲ့တဲ့ အထိမ်းအမှတ်နေ့ မေလ ၉ ရက်မတိုင်ခင် ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ ထိုးစစ်ဆင်မှုကို တိုးမြှင့်လုပ်ဆောင်နေပြီး ယူကရိန်းတပ်ဖွဲ့တွေကလည်း ဆက်ပြီး ခုခံတိုက်ခိုက်နေပါတယ်။

ရုရှားလေတပ်က ယူကရိန်း စစ်ဖက်ဆိုင်ရာ အဆောက်အဦ ၁၇ ခု ကို ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းဒေသ မှာ အမိန့်ပေးစခန်းတစ်ခု၊ ဒုံးကျည်နဲ့ အမြောက်တွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုတို့ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ရုရှားရဲ့ တိုးချဲ့တိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့ ခုခံမှုကြောင့် အရှိန်နှေးလာနေပြီး ရုရှားတပ်ဖွဲ့တွေဟာ စိတ်ဓာတ်ရေးရာမှာ အားနည်းလာနိုင်တယ်လို့ အမေရိကန်နဲ့ ဗြိတိန်က ကာကွယ်ရေးဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ရုရှားက သိမ်းပိုက်ခဲ့ပြီးတဲ့ တောင်ပိုင်းဒေသ ခါဆွန် နဲ့ အရှေ့တောင်ပိုင်းဒေသ က မိုလီတိုပိုး မြို့တို့ အပါအဝင် တချို့ဧရိယာတွေမှာ မေလ ၁ ရက်နေ့က စပြီး ရုရှားငွေ ရူဘယ်ကို စတင်အသုံးပြုနေပြီလို့ ရုရှားရဲ့ နိုင်ငံပိုင် မီဒီယာက ရေးသားဖော်ပြထားပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။