Trending Now

တနိုင်းချောင်းတွင် ရေနှစ်သွားသည့် အမျိုးသမီးတစ်ဦးအား ရှာဖွေရာ သုံးရက်တိုင်မတွေ့ရှိသေး

Spread the love

တနိုင်းချောင်းတွင် ရေနှစ်သွားသည့် အမျိုးသမီးတစ်ဦးအား ရှာဖွေရာ သုံးရက်တိုင်မတွေ့ရှိသေး

EPN
မြစ်ကြီးနား၊ ဇလိုင် ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ တနိုင်းချောင်းတွင် ရေနှစ်သွားသူအမျိုးသမီးတစ်ဦးအား ရှာဖွေရာ သုံးရက်တိုင် မတွေ့ရှိသေးကြောင်း တနိုင်းမီးသတ်ဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့တွင် ၎င်းအမျိုးသမီးမှာ တနိုင်းချောင်းဘေး၌ လှေပေါ်မှရေခွက်ဖြင့် ရေချိုးနေစဉ် အဆိုပါခွက်အား ရေထဲပြုတ်ကျသွားသည့်အတွက် ၎င်းခွက်အား ဖမ်းမိရန်ကြိုးစားရာမှ ရေထဲပြုတ်ကျ မျောပါသွားခဲ့ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေခဲ့သော်လည်း ယနေ့ထိ အဆိုပါ အမျိုးသမီးအား တွေ့ရှိခြင်း မရှိသေးကြောင်း တနိုင်းမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” သူရေထဲပြုတ်ကျသွားတဲ့အချိန်က ဇူလိုင် ၁၅ ရက်နေ့ ဟုတ်တယ်။ လှေပေါ်ကနေ ဖလားခွက်နဲ့ ရေချိုးနေတာပေါ့။ ချိုးနေရင်း ဖလားခွက်က ရေထဲပြုတ်ကျသွားတာကို လိုက်ဖမ်းရင်းကနေ ရေထဲပြုတ်ကျသွားတာ‌။ ရေကလည်းကြီးတော့ သူ့ကိုရှာဖို့က မလွယ်ဘူး။ အဲ့နေ့ကတည်းက ကျွန်တော်တို့အဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ရှာခဲ့ကြပေမယ့် သုံးရက်တောင်ရှိပြီ မရှာတွေ့သေးဘူး။ ရေငုတ်လို့လည်း မရဘူး။ ရေကလည်းနောက်နေတော့ ခက်တယ်။ ဆက်ပြီးရှာဖို့လည်း အဆင်မပြေဘူး ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရေထဲပြုတ်ကျသွားသည့်အမျိုးသမီးမှာ အသက် (၂၂) နှစ်ရှိသူဖြစ်ကာ သူမ၏အမျိူးသားနှင့်အတူ တနိုင်းမြို့ ဆင်ဆာရ်ရပ်ကွက်တွင် အလုပ်လုပ်ရန် ပြောင်းရွေ့လာသူဖြစ်ကြောင်း သိရပြီး၊ အဆိုပါအမျိုးသမီးအား ဆက်လက်ရှာဖွေရန် ချောင်းရေကြီးမှုကြောင့် အခက်အခဲများရှိနေကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။