Trending Now

လဂျားဘွန်နှင့်ရှင်လုံဂါးအကြား ဒိုင်နာကားနှစ်စီး မီးရှို့ဖျက်ဆီးခံရ

Spread the love

လဂျားဘွန်နှင့်ရှင်လုံဂါးအကြား ဒိုင်နာကားနှစ်စီး မီးရှို့ဖျက်ဆီးခံရ

EPN
မြစ်ကြီးနား ၊ မေလ ၁၉

ကချင်ပြည်နယ်၊တနိုင်းခရိုင် ၊လဂျားဘွန်နှင့်ရှင်လုံဂါးအကြား ဒိုင်နာကားနှစ်စီးအား ယမန်နေ့ည ၆နာရီကျော်တွင် ကေအိုင်အေမှ မီးရှို့ဖျက်ဆီးလိုက်ကြောင်း လဂျားဘွန်ကျေးရွာရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ ဒိုင်နာကားနှစ်စီးအား မီးရှို့ဖျက်ဆီးရခြင်းအကြောင်းမှာ တနိုင်းရှင်ဗွေယန်လမ်းအား ည၆နာရီကျော်လွန်၍သွားလာခြင်းမပြုရန်ကေအိုင်အိုဘက်မှ အမိန့်ထုတ်ပြန်ထားသည့် ကန့်သတ်ချိန်ကျော်လွန်ပြီးမောင်းနှင်းလာသည့်အတွက် မီးရှို့ဖျက်ဆီးသတိပေးလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ညနေပိုင်းရောက်လာတော့မီးရှို့သံတွေ၊မီးခိုးငွေ့တွေမြင်ရတယ်လို့ရွာကလူတွေပြောနေကြတာတော့ကြားတယ်၊ဘာလို့ရှို့လဲဆို‌တော့ကန့်သတ်ချိန်ကိုကျော်ပြီးမောင်းနှင်းလာလို့‌ပါ၊ဟိုနေ့ကလည်းသုံးဘီးမီးရှို့ခံရသေးတယ်လေအဲ့လိုကန့်သတ်အချိန်ကျော်ပြီးမောင်းသွားလို့”ဟု ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်မေလ ၁၀ ရက်နေ့ညတွင်လည်း ယင်းကဲ့သို့ ကန့်သတ်ချိန်ကျော်ပြီးမောင်းနှင်းလာသည့်သုံးဘီး သုံးစီးအား ကေအိုင်အိုဘက်မှ မီးရှို့ဖျက်ဆီးခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။