Trending Now

ဂျပန်တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု စံချိန်တင်ခဲ့

Spread the love

ဂျပန်တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု စံချိန်တင်ခဲ့

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃

ဂျပန်နိုင်ငံ အဆာဟိမြို့ရှိ ကြက်ခြံတစ်ခုတွင် ၅၃ ခုမြောက် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု နှင့်အတူ အလွန်ကူးစက်တတ်သော ကြက်ငှက်တုတ်ကွေးဖြစ်ပွားမှု စံချိန်တင် အရေအတွက်ကို တွေ့ရှိခဲ့သည်။

လွန်ခဲ့သည့်ရက်က မွေးမြူရေးခြံတွင် သေဆုံးနေသည့် ကြက်အကောင်ရေ ၃၀ ကို စတင်တွေ့ရှိခဲ့ပြီးနောက် အလွန်ကူးစက်တတ်သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဏာပိုင်းများက ထုတ်ပြန်ကြေညာခဲ့သည်။

ရောဂါဖြစ်ပွားမှုကို စစ်ဆေးတွေ့ရှိပြီးနောက် မွေးမြူရေးခြံတွင်ရှိ ကြက်အကောင်ရေ ၁၀,၀၀၀ ခန့်ကို သုတ်သင်မည်ဖြစ်ပြီး ၃ ကီလိုမီတာ အချင်းဝက်အတွင်း ကြက်နှင့်ဥများ ပို့ဆောင်ခြင်းကို တားမြစ်ထားသည်။

ယခုရာသီ ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု အရေအတွက်သည် ယခင်စံချိန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

ဒေသတွင်းကြက်နှင့် မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် နောက်ထပ်ဖြစ်ပွားမှုများကို တားဆီးရမည်ဖြစ်ကြောင်း ချီဘအုပ်ချုပ်ရေးမှူး ကူမာဂိုင်း က ပြောကြားခဲ့သည်။

— ကိုးကား —
NHK
Ref; Avian flu cases hit record in Japan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။