Trending Now

ဖားကန့် လျှပ်စစ်ရုံးရှေ့မိုင်းပေါက်ကွဲမှု ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

Spread the love

ဖားကန့် လျှပ်စစ်ရုံးရှေ့မိုင်းပေါက်ကွဲမှု ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

EPN
ဖားကန့်၊ဧပြီ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ လျှပ်စစ်ရုံး EPC ရှေ့တွင် ယမန်နေ့ည ၈နာရီအချိန်ခန့်က အသံ မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အသံမိုင်း ပေါက်ကွဲခဲ့မှုကြောင့် အနီးအနားတွင် ရှိနေသည့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့မှ ဒေသခံ တစ်ဦးကပြောသည်။

“အသက်အရွယ်က ၂၀ ဝန်းကျင်လောက်ရှိမယ် မိုင်းပေါက်ကွဲမှုကြောင့် အနားက ကျောက်ခဲစထိမှန်တာ တစ်ဦးက ဆံပင်ညှပ်ဆိုင်က နောက်တစ်ဦးက လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဟုတ်တယ် တစ်ယောက် ခြေမျက်စိထိတယ် နောက်တစ်ဦးက ကျောကုန်းထိတယ် မစိုးရိမ်ရပါဘူး”ဟု ၎င်းကပြောသည်။

အဆိုပါ အသံမိုင်းကို အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ပေါက်သွားခဲ့ခြင်းဖြစ်ပြီး ကြီးကြီးမားမား ပျက်စီးမှုမရှိကြောင်း သိရသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း မြို့မရဲစခန်းရှေ့ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။