Trending Now

မုံရွာ ပြည်သူ့ဆေးရုံကြီးနား မိုင်းထောင်ဖို့လာရောက်သူတစ်ဦး ပစ်ခတ် ဖမ်းဆီးခံရလို့ သေဆုံး

Spread the love

မုံရွာ ပြည်သူ့ဆေးရုံကြီးနား မိုင်းထောင်ဖို့လာရောက်သူတစ်ဦး ပစ်ခတ် ဖမ်းဆီးခံရလို့ သေဆုံး

EPN
မုံရွာ ၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ပြည်သူ့ဆေးရုံနဲ့ မြို့တော် ခန်းမ အကြားနေရာမှာ မိုင်းထောင်ဖို့ လာတဲ့သူ တယောက်ဟာ မနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ် ဖမ်းဆီးမှု
ကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဗိုလ်ချုပ်လမ်းက ပင်ဂွန်း ဖိနပ်ဆိုင်နားမှာ ပစ်ခံရလို့ ဆိုင်ကယ်နဲ့ သေဆုံးနေတာ တွေ့ရတယ် ၊ သေဆုံးသူဟာ ဘယ်သူ ဘယ်ဝါဆိုတာ မသိရဘူး ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က
” ပြည်သူ့ဆေးရုံနားကို မိုင်းထောင်ဖို့လာတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား တယောက်ကို ကင်းအဖွဲ့က စစ်ဆေးခံဖို့ ဆိုင်ကယ်ရပ်ခိုင်းတဲ့အခါ မရပ်ဘူး ၊ ဘယ်မောင်းပြေးတဲ့အခါရီဂိတ်ကို ဝင်တိုက်တယ် ၊ အဲ့ဒါနဲ့ ကင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတဲ့အခါ နေရာမှာတင် သေဆုံးသွားတယ် ၊ သူစီးလာတဲ့ ဆိုင်ကယ်ဘောက်ထဲက လက်လုပ်မိုင်း ၂ လုံး သိမ်းဆည်းရမိတယ် ၊ သေဆုံးသူဟာ ၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတဲ့ သူနဲ့ ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ နတ်လူထိပ္ပန် ရပ်ကွက်မှာ လုံခြုံရေးအဖွဲ့တွေကို ချောင်းမြှောင်း ပစ်ခတ်တဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ကို လုံခြုံရေးအဖွဲ့တွေက လိုက်လံ ပစ်ခတ် ရှင်းလင်းတဲ့အခါ အမျိုးသား ရုပ်အလောင်း ၃ လောင်းနဲ့ လက်နက်ခဲယမ်း တချို့ ဖမ်းဆီးရမိတာ ဖြစ်ပွားခဲ့ပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။