Trending Now

ကချင်ပြည်နယ်ရှိ မျက်စိဝေဒနာရှင်များကို ၁၁ကြိမ်မြောက်အဖြစ် ကိုရီယားနိုင်ငံ မျက်စိအထူးကုအဖွဲ့မှ ငွေကျပ်သိန်းလေးထောင်ကျော် ကုန်ကျခံ ကုသပေး

Spread the love

ကချင်ပြည်နယ်ရှိ မျက်စိဝေဒနာရှင်များကို ၁၁ကြိမ်မြောက်အဖြစ် ကိုရီယားနိုင်ငံ မျက်စိအထူးကုအဖွဲ့မှ ငွေကျပ်သိန်းလေးထောင်ကျော် ကုန်ကျခံ ကုသပေး 

EPN
မြစ်ကြီးနား၊ ဇွန် ၆

‌ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို ကိုရီးယားနိုင်ငံမှ မျက်စိအထူးကုသရေးအဖွဲ့အစည်းတစ်ဖြစ်သည့် (Seoul Namsan Lions Club)မှ ၁၁ကြိမ်မြောက်အဖြစ် ငွေကျပ်သိန်းလေးထောင်ကျော်ကုန်ကျခံကာ မျက်စိဝေဒနာရှင်များကို အခမဲ့ကုသပေးနေကြောင်း သိရသည်။

အဆိုပါ ဆေးကုသမှုကို Seoul Namsan Lions Club အဓိက ထောက်ပံ့ပေးထားပြီး မြန်မာနိုင်ငံအတွင်းရှိ မျက်စိအထူးကုဆရာဝန်ကြီးများကလည်း ပူးပေါင်းပါဝင်ကာ ဇွန်လ (၃)ရက်နေ့မှ စတင်၍ အဆင့်မြင့်နည်းပညာများဖြင့် ကုသပေးနေပြီး လူနာဦးရေများနေသောကြောင့် ဇွန်လ (၆)ရက်နေ့ အထိ ကုသပေးသွားမည်ဖြစ်ကြောင်း Seoul Namsan Lions Club အသင်းဥက္ကဋ္ဌ မစ္စတာကင်မြောင်ရှိန်းက ဆိုသည်။
“မနှစ်ကတော့သုံးရာကျော် ခွဲစိပ်ကုသပေးခဲ့တယ် ဒီနှစ်ကတော့ ဒီထက်ပိုပြီးများများ ကုသပေးနိုင်တယ်။ အရမ်းခက်ခက်ခဲခဲကုရတဲ့ လူနာတွေလည်းရှိတယ်။ ဆရာဝန်တယောက်က မနိုင်တော့လို့နောက်တစ်ယောက်ထပ်ပြီး ပြောင်းကုရတာတွေလည်းရှိတယ်။” ဟု အသင်းဥက္ကဋ္ဌ မစ္စတာကင်မင်ရှိန်းက ပြောသည်။

Seoul Namsan Lions Club အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို ၁၁ကြိမ်တိတိကုသပေးနိုင်ခဲ့ပြီဖြစ်ပြီး စုစုပေါင်းလူနာ သိန်း၂၀၀၀ဦးကျော် ကုသပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါအသင်းကို ၁၆၉၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်က စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။