Trending Now

ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုမယ့် ဇိမ်ခံသင်္ဘောကြီးကို တရားဝင် မိတ်ဆက်

Spread the love

ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုမယ့် ဇိမ်ခံသင်္ဘောကြီးကို တရားဝင် မိတ်ဆက်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄

ကာတာနိုင်ငံ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလ အတွင်းမှာ ဒိုဟာမြို့ဆိပ်ကမ်းမှာ ရပ်ထားပြီး ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုမယ့် အဆင့်မြင့် ဇိမ်ခံသင်္ဘောကြီး MSC World Europa ကို နိုဝင်ဘာ ၁၃ ရက်နေ့က တရားဝင်မိတ်ဆက် ခဲ့ပါတယ်။

အီတလီ ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘောလိုင်း MSC Cruises ကပိုင်ဆိုင်တဲ့ သူတို့ရဲ့ နောက်ဆုံးပေါ် သင်္ဘောကြီး MSC World Europa ရဲ့ တရားဝင်အမည်ပေး အခမ်းအနားကို ဒိုဟာမြို့က ဆိပ်ကမ်းမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုသွားမယ့် MSC World Europa သင်္ဘောကြီးဟာ အထပ်ပေါင်း ၂၂ ထပ်၊ အကျယ် ၄၇ မီတာ ကျယ်ဝန်းပြီး အခန်းပေါင်း ၂၆၂၆ ခန်းနဲ့ ဧည့်သည် ပေါင်း ၆၇၆၂ ဦးအထိ လိုက်ပါစီနင်းနိုင်မှာဖြစ်တဲ့အပြင် အားကစား လေ့ကျင့်ရေးရုံတွေ၊ ရုပ်ရှင်ရုံတွေနဲ့ တစ်ခြား အပန်းဖြေ ဝန်ဆောင်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် MSC World Europa ဇိမ်ခံသင်္ဘောကြီးဟာ CO2 ထုတ်လွတ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာစွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ပြီး သင်္ဘောခုတ်မောင်းနိုင်ဖို့အတွက် အသန့်ရှင်းဆုံး ရုပ်ကြွင်းလောင်စာ LNG ကိုအသုံးပြုထားတယ်လို့ ဆိုပါတယ်။

MSC သင်္ဘောလိုင်းရဲ့ တစ်ခြား ဇိမ်ခံသင်္ဘော ၂ စင်းလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလမှာ ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုဖို့ ဒိုဟာ မြို့ကို ခုတ်မောင်းလာနေပြီး ရေပေါ်ဟိုတယ်ရဲ့ အခန်းခတွေအနေနဲ့ တစ်ညကို မေရိကန်ဒေါ်လာ ၂၂၀ က စပြီး ၄၆၉ ဒေါ်လာအထိရှိမယ်လို့ဆိုပါတယ်။

— ကိုးကား —
thepeninsulaqatar
ref; MSC Cruises hosts naming event of ‘MSC World Europa’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။