Trending Now

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် တွက်ခြေမကိုက်သဖြင့် ရန်ကုန်-မော်လမြိုင်ကျွန်းပြေးဆွဲနေသည့် ယာဉ်လိုင်းများ ရပ်နားလာ

Spread the love

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် တွက်ခြေမကိုက်သဖြင့် ရန်ကုန်-မော်လမြိုင်ကျွန်းပြေးဆွဲနေသည့် ယာဉ်လိုင်းများ ရပ်နားလာ

EPN
မော်လမြိုင်ကျွန်း၊ မတ်လ ၁၄

ဧရာဝတီတိုင်းဒေသကြီး-မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ စက်သုံးဆီစျေးမြင့်တက်မှုကြောင့်
တွက်ခြေမကိုက်သဖြင့် ရပ်နားလာကြောင်းရန်ကုန်-မော်ကျွန်း ယာဉ်လိုင်းပြေးဆွဲသူများထံမှ သိရသည်။

လက်ရှိ စက်သုံးဆီတစ်လီတာလျှင်ငွေကျပ် ၂၄၇၅ ဈေး ပေါက်နေပြီး ယင်းသို့ စက်သုံးဆီဈေးမြင့်တက်သည့်နေသည့်အပြင် လိုင်းကားစီးသူ အရေတွက် လျော့ကျလာခြင်းများကြောင့် တွက်ချေမကိုက်သဖြင့် လိုင်းကားပြေးဆွဲသူ အရေအတွက်လျော့နည်းလာကြောင်း၊ ရန်ကုန်-မော်ကျွန်းယာဉ်လိုင်းပြေးဆွဲသူကိုတင်ကိုကပြောသည်။

“ဒီနှစ်ထဲမှာ ဆီစျေးက တော်တော်တက်တက်လာတယ်။ ဆိုင်ကယ်တွေလည်းပေါလာတော့ ဟိုနား၊ ဒီနားက ဆိုင်ကယ်နဲ့ သွားတဲ့သူများလာတယ်။ လိုင်းကားစီးသူက နည်းလာတယ်။ တစ်နေ့ဝင်ငွေက ခြောက်ထောင် လောက်တောင်မပြည့်ချင်ဘူး။ လုပ်စားရတာ အဆင်မပြေတော့ဘူး။ တချို့ယာဉ်လိုင်းတွေဆို တော်တော်များများကမထွက်တော့ဘူး။ ယာယီရပ်နား ထားကြတာပေါ့။ ဆီစျေးကျရင်တော့ပြန်လုပ်တဲ့သူတွေ ရှိကောင်းရှိလာနိုင်တယ်။”ဟု ကိုတင်ကိုက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်သို့ပြေးဆွဲနေသည့်ယာဉ်လိုင်းများသည် လူတစ်ဦးလျှင် ငွေကျပ် အနည်းဆုံး ၈၀၀၀ မှ ၉၀၀၀ အထိဈေးတက်နေပြီးအချို့နေရာများတွင် ခရီးသည်တင်ခွင့်မရှိသည့်ကားများပါ လူတင်
ဆောင်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန်ခက်ခဲနေပြီး ယာဉ်အစီးရေ ၃၀ ကျော်မှာ ယာယီရပ်နားထားကြောင်း ယာဉ်လိုင်များပြေးဆွဲနေသူများထံမှ သိရသည်။

“လိုင်းကားတွေက တစ်လအတွင်းမှာ ပြေးဆွဲတာလျော့နည်းလာတယ်။ အခုနားတဲ့သူတွေကလည်း ယာယီသ ဘောပါ။ ဓာတ်ဆီစျေးက တက်လာတော့ နားလိုက်တဲ့သဘောပါ။ ဓာတ်ဆီစျေးပြန်ကျမယ်။ လူစီးတာ များလာ ရင်တော့ ပြန်ပြေးဆွဲသွားမယ်။ ရပ်နားလိုက်ရင် သူတို့တွက်အလုပ်လက်မဲ့တွေ ဖြစ်သွားမယ်။ လူတွေကလည်း စီးပွားရေးတွေ အဆင်မပြေကြဘူးလေ။”ဟု မော်လမြိုင်ကျွန်းမြို့နယ် မော်တော်ယာဉ်များပြေးဆွဲရေးအဖွဲ့မှအတွင်းရေးမှူး ဦးသစ်လွင်က ပြောသည်။

အဆိုပါ ယာဉ်ပြေးဆွဲမှုအများဆုံးရပ်နားထားသည့် ယာဉ်လိုင်းမှာ ရန်ကုန်-မော်လမြိုင်ကျွန်းမြို့နယ် ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်သည်ဟု သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။