Trending Now

မိုးညင်းမြို့တွင် အာလူးအိတ်များနှင့်အတူ ရောနှော၍တင်လာသော ခြောက်ဘီးယာဉ်ပေါ်မှ ကျပ်သိန်း ကိုးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

Spread the love

မိုးညင်းမြို့တွင် အာလူးအိတ်များနှင့်အတူ ရောနှော၍တင်လာသော ခြောက်ဘီးယာဉ်ပေါ်မှ ကျပ်သိန်း ကိုးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အာလူးအိတ်များနှင့်အတူ ရောနှော၍တင်လာသော ခြောက်ဘီးယာဉ်ပေါ်မှ ကျပ်သိန်း ကိုးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ည ၄နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြိုနယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးဘက်မှဟိုပင်သို့ ယာဉ်မောင်း ခင်မောင်စိုးမောင်းနှင်းပြီး နေဝင်းစိုး လိုက်ပါလာသည့်ယာဉ်အမှတ် MDY/4k -8394,ATLASအမျိုးစား‌ ခြောက်ဘီးယာဉ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းတွင် အာလူးအိတ်များဖြင့်ရောနှောသယ်ဆောင်လာပြီး အားလူအိတ်တစ်အိတ်လျှင် ထုတ်ပိုးခွံပါဘိန်းစိမ်းအလေးချိန် (၁)ကီလိုခန့်စီပါ (၈)ထုတ်ပါရှိသည့် အိတ်(၉)အိတ် ထုတ်ပိုးခွံပါဘိန်းစိမ်းအလေးချိန် (၁)ကီလိုခန့်စီပါ (၆)ထုတ်ပါရှိသည့် အိတ်(၁)အိတ်၊စုစုပေါင်းအာလူးအိတ် (၁၀)အိတ်၊စုစုပေါင်းဘိန်းစိမ်းထုတ် (၇၈)ထုတ်၊စုစုပေါင်းထုတ်ပိုးခွံပါအလေးချိန်(၇၈)ကီလိုခန့်(ဒေသပေါက်လက်ကား‌ဈေး ဘိန်းဖြူတစ်ကီလိုလျှင် (၁၂)သိန်းကျပ်နှုန်းဖြင့် (၉၄၆)သိန်းကျပ်)အား သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သိမ်းဆည်းရမိခဲ့သော ဘိန်းဖြူများသည် ရှမ်းကြီး(အမည်ရင်းမသိ)ဆိုသူမှ မန္တလေး၊ကမ်းနားလမ်းမှ တင်ဆောင်ပေးလိုက်ပြီး ဟိုပင်ရောက်မှသာ ရှမ်းကြီးထံသို့ဆက်သွယ်ပြီးပို့ဆောင်ပေးရမည့် နေရာအားရှမ်းကြီးမှပြောပြမည်ဖြစ်ကြောင်းနှင့် ၎င်းဘိန်းဖြူများတင်ဆောင်ခကို သိန်း(၅၀)ရရှိမည်ဖြစ်ကြောင်း ခင်မောင်စိုးနှင့် နေဝင်းစိုးတို့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဦး‌ခင်မောင်စိုး(၅၉)နှစ်နှင့် နေဝင်းစိုး(၂၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီး ကွင်းဆက်တရားခံဖြစ်သူ ရှမ်းကြီးအား ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။