Trending Now

ဆုပေးပွဲတစ်ခုကိုတက်ရောက်နေတဲ့ ယူကရိန်းစစ်သားတွေကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်လို့ ၂၀ ဦးထက်မနည်းသေဆုံး

Spread the love

ဆုပေးပွဲတစ်ခုကိုတက်ရောက်နေတဲ့ ယူကရိန်းစစ်သားတွေကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်လို့ ၂၀ ဦးထက်မနည်းသေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၆

ဇာဖိုးရီးယားဒေသ ရှေ့တန်းစစ်မျက်နှာနဲ့ မဝေးလှတဲ့ရွာတစ်ရွာမှာ ဆုပေးပွဲတက်ရောက်နေတဲ့ ယူကရိန်းစစ်သားတစ်စုကို ရုရှားဒုံးကျည်ထိမှန်ခဲ့လို့ ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နာနဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ယူကရိန်းကျေးရွာကို ရုရှားက နိုဝင်ဘာ ၃ ရက်နေ့က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့လို့ ယူကရိန်းစစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သား ၉ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည်တိုက်ခိုက်မှုအတွင်း ချေမှုန်းရေး တပ်မဟာ ၁၂၈ ကအဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က အတည်ပြုခဲ့ပေမယ့် အသေအပျောက်စာရင်းကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

” ဒါက ရှောင်လွှဲနိုင်တဲ့ ကြေကွဲစရာတစ်ခုပါ။ ဒီဖြစ်ရပ်ဆိုးအတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။ ဒီလိုထပ်ခါတလဲလဲ မဖြစ်စေဖို့အတွက် ပြည်းပြည့်စုံတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။” လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ယူကရိန်းစစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးကို ကိုးကားပြီး New York Times ရဲ့ ဖော်ပြချက်အရ ရုရှားစစ်တပ်ဟာ အဆိုပါ ဆုပေးပွဲကျင်းပမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိထားတဲ့အတွက် အခုလို ယူကရိန်းစစ်သား အများအပြားသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရုရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ယူကရိန်းချေမှုန်းရေးတပ်မဟာ တစ်ခုက တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရတ်စတန် က ဖြစ်ပျက်ခဲသမျှကို အသေးစိတ်စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုရှယ်မီဒီယာ ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Ref; aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။