Trending Now

မြစ်ကြီးနားမြို့ကို ပန်းမြို့တော်စီမံချက်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား သယံဇာတရေးရာဝန်ကြီးမှ ကွင်းဆင်းကြည့်ရှူစစ်ဆေး

Spread the love

မြစ်ကြီးနားမြို့ကို ပန်းမြို့တော်စီမံချက်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား သယံဇာတရေးရာဝန်ကြီးမှ ကွင်းဆင်းကြည့်ရှူစစ်ဆေး

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ပန်းမြို့တော်စီမံချက်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က ကွင်းဆင်းကြည့်ရှူ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြည့်ရှူစစ်ဆေးရာတွင် မြို့တော်ခန်းမအတွင်းနှင့် တပ်ကုန်ရပ်ကွက်ရှိ ပျိုးဥယျာဥ်ခြံများ ပန်းမြို့တော်စီမံချက်အဖြစ် စိုက်ပျိုးမည့် ပျိုးပင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှူစစ်ဆေးခဲ့ပြီး အောင်ဇေရန်အောင်ဘုရားအနီး မေခ ပန်းခြံ ပြုပြင်ဆောက်လုပ်နေမှုများအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

” ပန်းမြို့တော်အကောင်အထည်ဖော်ရေးလုပ်ငန်းစီမံချက် ” အကောင်အထည်ဖော်ဆောင်ရွက်မည့် ကာလမှာ (၃) နှစ်ဖြစ်ကြောင်းသိရသည်။

ပထမကာလ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် လက်ရှိလမ်းလယ်ကျွန်းမြေယာရှုခင်းများအား Up Grade ပြုလုပ်ခြင်း၊ လက်ရှိတြဂံကျွန်း၊ အဝိုင်းပတ်နှင့် Road side garden မြေယာရှုခင်းများအား Up Grade ပြုလုပ်ခြင်း၊ မြို့တွင်း Main လမ်းမကြီးဘေးဝဲယာတွင် ဒေသမျိုးပန်းပင်၊ နှစ်ရှည်ပန်းပင်များတိုးချဲ့စိုက်ပျိုးခြင်း၊ မြို့ဝင် Main လမ်းမကြီးဘေးဝဲယာတွင် ဒေသမျိုးပန်းအလှပင်၊ နှစ်ရှည်ပန်းပင်များ တိုးချဲ့စိုက်ပျိုးခြင်း၊ ကမ်းနားလမ်းဘေးတစ်လျှောက် လူထုအပန်းဖြေ စိမ်းလန်းနေရာများ ဖော်ထုတ်ဆောင်ရွက်ခြင်း၊ ကမ်းနားလမ်းဘေးတစ်လျှောက် ကိုယ်ကာယလေ့ကျင့်ခန်း နေရာများဖော်ထုတ်ဆောင်ရွက်ခြင်း၊ စိမ်းမြဧရာပန်းခြံနှင့် ဧရာဦးပန်းခြံများ Up Grade ပြုလုပ်ခြင်း၊ ဆောင်ရွက်ပြီးမြေယာရှုခင်းများရှင်သန်စေရန် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ခြင်း၊ ပြည်သူလူထုပါဝင်ထိန်းသိမ်းရေး စည်းရုံးဆောင်ရွက်ခြင်း တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယကာလ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင် လိုအပ်သောနေရာများတွင် Landscape များ၊ မြက်ခင်းပေါင်းစပ် ပန်းခင်းများဆောင်ရွက်ခြင်း၊ ဆောင်ရွက်ပြီးမြေယာရှုခင်းများရှင်သန်စေရန် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ခြင်း၊ ပြည်သူပါဝင်ထိန်းသိမ်းရေးစည်းရုံးဆောင်ရွက်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တတိယကာလ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် လိုအပ်သောနေရာများတွင် Landscape များ၊ မြက်ခင်းပေါင်းစပ်ပန်းခင်းများဆောင်ရွက်ခြင်း၊ ရွှေလမ်းမကြီးတွင် လမ်းလယ်ပန်းခုံများတည်ဆောက်ခြင်းနှင့် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ဗလမင်းထင်ချဉ်းကပ်လမ်းဘေး ဝဲ/ယာတွင် ပလက်ဖောင်းများ ပန်းခုံများဆောင်ရွက်ခြင်း၊ ကမ်းနားလမ်းဘေးတစ်လျှောက် လူထုအပန်းဖြေ စိမ်းလန်းနေရာများ ဖော်ထုတ်ဆောင်ရွက်ခြင်း၊ ကမ်းနားလမ်းဘေးတစ်လျှောက် ကိုယ်ကာယလေ့ကျင့်ခန်းနေရာများဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ပြီးမြေယာရှုခင်းများရှင်သန်စေရန် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ခြင်း၊ ပြည်သူလူထုပါဝင်ထိန်းသိမ်းရေးစည်းရုံးဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။