Trending Now

တရုတ်ဗဟိုဘဏ် ဒုတိယ အုပ်ချုပ်ရေးမှူး အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

Spread the love

တရုတ်ဗဟိုဘဏ် ဒုတိယ အုပ်ချုပ်ရေးမှူး အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၅

တရုတ်နိုင်ငံ ဗဟိုဘဏ်၏ လက်ထောက်အုပ်ချုပ်ရေးမှူးတစ်ဦး သည် စည်းကမ်းနှင့် ဥပဒေအား ပြင်းထန်စွာ ချိုးဖောက်ခဲ့သည်ဟူသော သံသယဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း အာဏာရ ကွန်မြူနစ် ပါတီ၏ အကျင့်ပျက်ခြစားမှုအေဂျင်စီက စနေနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုဘဏ်၏ ဒုတိယ အုပ်ချုပ်ရေးမှူးဖြစ်သည့် ဖန်ယိဖိန်အား အကျင့်ပျက်ခြစားမှုဖြင့် စုံးစမ်းစစ်ဆေးနေကြောင်း စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စစ်ဆေးရေးဗဟိုကော်မရှင်က ထုတ်ပြန်ထားသော်လည်း အသေးစိတ်အချက်အလက်များကိုဖော်ပြထားခြင်းမရှိပေ။

လက်ထောက်အုပ်ချုပ်ရေးမှူးခြောက်ဦးအနက်မှတစ်ဦးဖြစ်သည့် ဖန်သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီးနောက် ၂၀၁၅ ခုနှစ်တွင် တရုတ်ပြည်သူ့ဘဏ်သို့ဝင်ရောက်ခဲ့ပြီး ၇ နှစ်ကျော်ရာထူးကို ထမ်းဆောင်ခဲ့သည်။

ဗဟိုဘဏ်မှ အရာရှိကြီးများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုမှာ ရှားရှားပါးပါး ကိစ္စဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဘဏ္ဍာရေးကဏ္ဍတွင် အကျင့်ပျက်ကွန်မြူနစ်ပါတီအရာရှိများကို ဖယ်ရှားရန်အတွက် မကြာသေးမီနှစ်များအတွင်း ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ခဲ့သည်။

ကွန်မြူနစ်ပါတီသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်တွင် အဂတိလိုက်စားမှုကို အရှိန်အဟုန်ပြင်းစွာ နှိမ်နင်းခဲ့ပြီး အဆိုပါလုပ်ဆောင်ချက်ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ပြည်သူများကြားတွင် ရေပန်းစားလာခဲ့ပြီး နိုင်ငံရေးလောက ပြိုင်ဘက်များကို အလဲထိုးနိုင်ခဲ့သည်။

— ကိုးကား —
AP
ref; China central bank deputy governor faces corruption probe

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။