Trending Now

တောင်တွင်းကြီးမြို့၌ NLD တိုင်းကိုယ်စားလှယ် ဦးအောင်ကိုကိုအား အကြမ်းဖက်မှု ပုဒ်မဖြင့် ထပ်တိုးတရားစွဲ

Spread the love

တောင်တွင်းကြီးမြို့၌ NLD တိုင်းကိုယ်စားလှယ် ဦးအောင်ကိုကိုအား အကြမ်းဖက်မှု ပုဒ်မဖြင့် ထပ်တိုးတရားစွဲ

EPN
တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်တိုးတရားစွဲလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးအောင်ကိုကိုအား ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ ထောက်ကြန့် စစ်သင်္ချိုင်းအနီး  စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး၊ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – ကဖြင့် မေလ ၃၀ ရက်က ထောင်သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထောင်သုံးနှစ် ချခံရပြီး ကိုးလအကြာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြစ်သည့် ပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (ဈ)တို့ဖြင့် ထပ်တိုးတရားစွဲခံထားရကြောင်း မိသားစုဝင် တစ်ဦးကပြောသည်။

“ မနေ့ကမှ သိရတာပါ။ ဆရာ့ကို ထပ်တိုး တရားစွဲထားတယ်။ ဘာကြောင့် ဒီလို ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲတာလည်းတော့ မသိရသေးဘူး။ အခုက အင်းစိန် အကျဉ်းထောင်မှာပဲ။ ရှေ့နေငှားခွင့် ရတယ် ” ဟု ၎င်းကပြောသည်။

ဦးအောင်ကိုကိုသည် အသက် ၄၃ နှစ်အရွယ်ရှိပြီးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ၏ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)က ဝင် ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး၊ မကွေးတိုင်း လူငယ်လုပ်ငန်းအဖွဲ့နှင့် တောင်တွင်းကြီးမြို့နယ် NLD လူငယ်လုပ်ငန်းအဖွဲ့ တွဲဖက် တာဝန်ခံတစ်ဦးဖြစ်ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။