Trending Now

အွန်လိုင်းလောင်းကစားနှင့် ငွေကြေးခဝါချသူအား ဖမ်းဝရမ်းထုတ်

Spread the love

အွန်လိုင်းလောင်းကစားနှင့် ငွေကြေးခဝါချသူအား ဖမ်းဝရမ်းထုတ်

EPN
ကော့သောင်း၊ ဖေဖော်ဝါရီ ၈ (၂၀၂၄)

အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများနှင့် ပတ်သတ်၍ အလိုရှိနေသူအား ကော့သောင်းခရိုင်တရားရုံးမှ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ကော့သောင်းခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့သူသည် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အ ဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀) နေ ဦးကျော်လွင်ဖြစ်ကြောင်း သိရသည်။

ဦးကျော်လွင်သည် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ ပြုလုပ်ခြင်း၊ ယင်း တရားမဝင် လောင်းကစားမှုများမှ ရရှိသည့် ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများပြုလုပ်သည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိရ၍ ဥပဒေအရ အရေးယူရန် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။