Trending Now

ျမစ္ႀကီးနား၌ ျပဳလုပ္​မည္​့ ​ဒုတိယအႀကိမ္​​​ေက်ာက္​မ်က္​ရတနာျပပြဲတြင္​လည္​း ျမန္​မာက်ပ္​ေငြျဖင္​့သာ​ ေရာင္​းခ်သြားမည္​

Spread the love

ျမစ္ႀကီးနား၌ ျပဳလုပ္​မည္​့ ​ဒုတိယအႀကိမ္​​​ေက်ာက္​မ်က္​ရတနာျပပြဲတြင္​လည္​း ျမန္​မာက်ပ္​ေငြျဖင္​့သာ​ ေရာင္​းခ်သြားမည္​
                                                                 
EPN
ျမစ္​ႀကီးနား၊ မတ္​ ၁၁
ကခ်င္​ျပည္​နယ္​၊ ျမစ္​ႀကီးနားၿမိဳ႕တြင္​ က်င္​းပမည္​့ ဒုတိယအႀကိမ္​​ေျမာက္​ ​ေက်ာက္​မ်က္ရတနာ​ျပပြဲတြင္​လည္​း ျမန္မာ​ေငြျဖင္​့သာ ​ေရာင္​းခ်သြားမည္​ျဖစ္​​ေၾကာင္​း ျမစ္​ႀကီးနား ​ေက်ာက္​မ်က္​လုပ္​ငန္​း႐ွင္​မ်ားအသင္​းမွ သိရသည္​။
အဆိုပါ ​ေက်ာက္​မ်က္ရတနာျပပြဲက​ို ျမစ္ႀကီးနားၿမိဳ႕၊ စက္​မႈဇုန္​ရပ္​ကြက္​ရိွ​  ေက်ာက္​မ်က္​ဝင္​းအတြင္​း၌

​​ဧျပီလ ၂၉ရက္​​ေန႔ မွ ​ေမလ၃ရက္​​ေန႔ အထိ ၅ရက္​တိုင္​ က်င္​းပသြားမည္​ျဖစ္​ၿပီး ျပသ​ေရာင္​းခ်သြားမည္​့ ​ေက်ာက္​မ်ားကို ယခင္​ပထမႀကိမ္​ကကဲ့သုိ ႔ျမန္​မာ​က်ပ္ေငြျဖင္​့သာ ျပသ​ေရာင္​း​ေပးသြားမည္​ျဖစ္​​ေၾကာင္​း ျမစ္​ႀကီးနား ​ေက်ာက္​မ်က္​လုပ္​ငန္​း႐ွင္​မ်ားအသင္​းဥကၠ႒  ဦး​ေဇလြမ္​းက ဆိုသည္​။

“ဒီတ​ေခါက္​လည္​း ျမန္​မာ​ေငြနဲ႔ဘဲ ​ေရာင္​းခ်မယ္​။ ျမန္​မာ​ေငြနဲ႔ဘဲဆို​ေတာ့ ႏိုင္​ငံျခားသား​ေတြ​ေတာ့ဝယ္​လို႔မရဘူး​ေပါ့၊ လာၾကည္​့ယံုတစ္​ခုဘဲရမယ္​။ ႏိုင္​ငံျခား​ေငြနဲ႔​ေရာင္​းရင္​​ေတာ့ ပိုၿပီး​ေကာင္​း​တာ​ေပါ့ ႏိုင္​ငံတကာက ပုိၿပီးဝယ္​ယူၾကမယ္​။”ဟု ျမစ္​ႀကီးနား​ေက်ာက္​မ်က္​အသင္​းဥကၠ႒ ဦး​ေဇလြမ္​းက​ ေျပာသည္​။
ျမန္​မာ​ေငြျဖင္​့​ ျပသ​ေရာင္​းခ်​ေနမႈသည္​ အနည္​းငယ္​အားနည္​းခ်က္​ရိွမည္​ျဖစ္​ၿပီး ​​​​​ႏိုင္​ငံတကာမွ လာ​​ေရာက္​ဝယ္​ယူအား​ေပးႏိုင္​ရန္​ တတိယအႀကိ္​မ္​​ေက်ာက္​မ်က္​ျပပြဲကို ႏိုင္​ငံျခား​ေငြျဖင္​့ ျပသ​ေရာက္​ခ်သြားဖို႔စီစဥ္​ထား​ေၾကာင္​း ၎ကထည္​့သြင္​း​ေျပာဆိုခဲ့သည္​။
အဆိုပါ​ေက်ာက္​မ်က္​ရတနာျပပြဲတြင္​  မႏၱ​ေလး၊ ဖားကန္​႔စသည္​့ မည္​သည္​့​ေဒသထြက္​မဆို စာရြက္​စာတမ္​းမ်ားျဖင္​့ တရားဝင္​​ေက်ာက္​မ်ားကို ျပသ​ေရာင္​းခ်မည္​ျဖစ္​ၿပီး တရားမဝင္​​ေက်ာက္​မ်ားကို အတတ္​ႏိုင္​ဆံုး ေလ်ာ့ခ်သြားမည္​ျဖစ္​​ေၾကာင္​းသိရသည္​။
အဆိုပါ ​ေက်ာက္​မ်က္ရ​တနာျပပြဲျဖစ္​​ေျမာက္​ႏိုင္​​ေရးအတြက္​ ကခ​်င္​ျပည္​နယ္​အစိုးရအဖြဲ႔မွ သယံဇာတႏွင္​့  သဘာဝပတ္​ဝန္​းက်င္​ထိန္​းသိမ္​း​ေရးဝန္​ႀကီး ဦးဒါ႐ွီလွဆိုင္​းက ဦးစီး​ေကာ္​မတီဥကၠ႒ အျဖစ္​လည္​း​ေကာင္​း၊ ကခ်င္​ျပည္​နယ္​အတြင္​းရိွ​ ေက်ာက္​မ်က္လုပ္​ငန္​း႐ွင္​မ်ားမွ ဥကၠ႒မ်ားႏွင္​့ ဆပ္​​ေကာ္​မတီ ၁၇ခုတို႔ျဖင္​့ ပူး​ေပါင္​းဖြဲ႔စည္​းထား​ေၾကာင္းသိရသည္။
လြမ္​း​ေအာင္
မြစ်ကြီးနား၌ ပြုလုပ်မည့် ဒုတိယအကြိမ်ကျောက်မျက်ရတနာပြပွဲတွင်လည်းမြန်မာကျပ်ငွေဖြင့်သာ ရောင်းချသွားမည်
               
EPN
မြစ်ကြီးနား၊ မတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင်လည်း မြန်မာငွေဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါ ကျောက်မျက်ရတနာပြပွဲကို မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ  ကျောက်မျက်ဝင်းအတွင်း၌ဧပြီလ ၂၉ရက်နေ့ မေလ၃ရက်နေ့ အထိ ၅ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီးပြသရောင်းချသွားမည့် ကျောက်များကို ယခင်ပထမကြိမ်ကကဲ့သို့မြန်မာကျပ်ငွေဖြင့်သာပြသရောင်းပေးသွားမည်ဖြစ်ကြောင်းမြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးဇေလွမ်းကဆိုသည်။
ဒီတခေါက်လည်း မြန်မာငွေနဲ့ဘဲ ရောင်းချမယ်။ မြန်မာငွေနဲ့ဘဲဆိုတော့ နိုင်ငံခြားသားတွေတော့ဝယ်လို့မရဘူးပေါ့၊လာကြည့်ယုံတစ်ခုဘဲရမယ်။ နိုင်ငံခြားငွေနဲ့ရောင်းရင်တော့ ပိုပြီးကောင်းတာပေါ့ နိုင်ငံတကာက ပိုပြီးဝယ်ယူကြမယ်။ဟု မြစ်ကြီးနားကျောက်မျက်အသင်းဥက္ကဋ္ဌဦးဇေလွမ်းက ပြောသည်။
မြန်မာငွေဖြင့် ပြသရောင်းချနေမှုသည် အနည်းငယ်အားနည်းချက်ရှိမည်ဖြစ်ပြီး နိုင်ငံတကာမ လာရောက်ဝယ်ယူအားပေးနိုင်ရန် တတိယအကြိမ်ကျောက်မျက်ပြပွဲကို နိုင်ငံခြားငွေဖြင့် ပြသရောက်ချသွားဖို့စီစဉ်ထားကြောင်း၎င်းကထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါကျောက်မျက်ရတနာပြပွဲတွင်  မန္တလေး၊ဖားကန့်စသည့် မည်သည့်ဒေသထွက်မဆို စာရွက်စာတမ်းများဖြင့် တရားဝင်ကျောက်များကို ပြသရောင်းချမည်ဖြစ်ပြီး တရားမဝင်ကျောက်များကို အတတ်နိုင်ဆုံး လျော့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောက်မျက်ရတနာပြပွဲဖြစ်မြောက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဒါရှီလှဆိုင်းက ဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်များမှဥက္ကဋ္ဌများနှင့် ဆပ်ကော်မတီ ၁၇ခုတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားကြောင်းသိရသည်။
လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။