Trending Now

ပထမဆံုးအႀကိမ္အျဖစ္ မိုးေကာင္းသုႆာန္တြင္ အကၽြတ္အလြတ္ပြဲ ျပဳလုပ္အမွ်အတန္းေပးေဝ

Spread the love

ပထမဆံုးအႀကိမ္အျဖစ္ မိုးေကာင္းသုႆာန္တြင္ အကၽြတ္အလြတ္ပြဲ ျပဳလုပ္အမွ်အတန္းေပးေဝ
EPN
မိုးေကာင္း၊ ဧၿပီ ၂၈
ပထမဆံုးအႀကိမ္အျဖစ္ မိုးေကာင္းၿမိဳ႕၊ (၂)မိုင္သုႆာန္တြင္ မကြၽတ္မလြတ္ၾကကုန္ေသာ ေ၀ေနယ် ဒုကၡိတသတၱဝါအေပါင္းတို႔အား ရည္စူး၍ အစားအေသာက္ေက်ြးေမြး၍ အတူတကြ ကုသိုလ္ေကာင္းမႈျပဳလုပ္ကာ အမ်ွအတန္းေပးေဝခဲ့ၾကသည့္ အကၽြတ္အလြတ္ပြဲ ျပဳလုပ္ခဲ့သည္ဟု သိရသည္။
ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕၊ (၂)မိုင္သုႆာန္တြင္ ဧၿပီလ(၂၇)ရက္ေန႔ ညခ်မ္း(၇)နာရီ၌ ရန္ကုန္ၿမိဳ႕ မဟာေအာင္ေျမဘံုစံေက်ာင္းတိုက္မွ မြန္ျမတ္ထူးကဲ အကြ်တ္အလြတ္ ၾသဝါဒစရိယ ဆရာေတာ္ အရွင္ဇဋိလ မိုးေကာင္းၿမိဳ႕ မဟာသမယေက်ာင္းတိုက္ဆရာေတာ္ ဦးေထရာသဘႏွင့္ ဆရာေတာ္ႀကီးမ်ားမွဦးစီး၍ သံသရာတစ္ခြင္၊ က်င္လည္စဥ္ခိုက္၊ ဘဝအဆက္ဆက္သံသရာ အဆက္ဆက္တို႔မွ ေတာ္စပ္ၾကကုန္ေသာ မိေဟာင္း၊ ဖေဟာင္း၊ ဘိုးေဟာင္း၊ ဘြားေဟာင္း၊ ေဆြေဟာင္း၊ မ်ိဳးေဟာင္း၊ မိတ္ေဆြသဂၤဟအေပါင္းတို႔ႏွင့္တကြ မကြၽတ္မလြတ္ၾကကုန္ေသာ ဒုကၡိတေ၀ေနယ် သတၱဝါအေပါင္းတို႔အား ဝဋ္ဆင္းရဲ၊ ဝဋ္ဒုကၡမွ လြတ္ေျမာက္ၿပီး သုဂတိ ဘုံဘဝသို႔ေရာက္ရွိႏိုင္ေစရန္အတြက္ ကုသိုလ္ေကာင္းမႈတို႔ကို ျပဳလုပ္ကာ အမ်ွအတန္းေပးေဝခဲ့ၾကသည့္ အကၽြတ္အလြတ္ပြဲကို ျပဳလုပ္ခဲ့ၾကသည္။
အဆိုပါအမ်ွအတန္းေပးေဝရာသို႔ ဆရာေတာ္သံဃာေတာ္မ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျမေသြးစံ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးရန္ႏိုင္ထြန္း၊ ၿမိဳ႕နယ္စည္ပင္ေကာ္မတီဥကၠ႒ ဦးတင္လင္းႏွင့္ ၿမိဳ႕ေပၚ (၁၀)ရပ္ကြက္မွ ပရိတ္သတ္မ်ား အင္အားစုစုေပါင္း (၁၅၀)ဦးခန္႔လာေရာက္ေၾကာင္းသိရသည္။
ခ်ိဳေမာင္
—————————————————-

ပထမဆုံးအကြိမ်အဖြစ် မိုးကောင်းသုဿာန်တွင် အကျွတ်အလွတ်ပွဲ ပြုလုပ်အမျှအတန်းပေးဝေ

EPN
မိုးကောင်း၊ ဧပြီ ၂၈

ပထမဆုံးအကြိမ်အဖြစ် မိုးကောင်းမြို့၊ (၂)မိုင်သုဿာန်တွင် မကျွတ်မလွတ်ကြကုန်သော ဝေနေယျ ဒုက္ခိတသတ္တဝါအပေါင်းတို့အား ရည်စူး၍ အစားအသောက်ကျွေးမွေး၍ အတူတကွ ကုသိုလ်ကောင်းမှုပြုလုပ်ကာ အမျှအတန်းပေးဝေခဲ့ကြသည့် အကျွတ်အလွတ်ပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ (၂)မိုင်သုဿာန်တွင် ဧပြီလ(၂၇)ရက်နေ့ ညချမ်း(၇)နာရီ၌ ရန်ကုန်မြို့ မဟာအောင်မြေဘုံစံကျောင်းတိုက်မှ မွန်မြတ်ထူးကဲ အကျွတ်အလွတ် သြဝါဒစရိယ ဆရာတော် အရှင်ဇဋိလ မိုးကောင်းမြို့ မဟာသမယကျောင်းတိုက်ဆရာတော် ဦးထေရာသဘနှင့် ဆရာတော်ကြီးများမှဦးစီး၍ သံသရာတစ်ခွင်၊ ကျင်လည်စဉ်ခိုက်၊ ဘဝအဆက်ဆက်သံသရာ အဆက်ဆက်တို့မှ တော်စပ်ကြကုန်သော မိဟောင်း၊ ဖဟောင်း၊ ဘိုးဟောင်း၊ ဘွားဟောင်း၊ ဆွေဟောင်း၊ မျိုးဟောင်း၊ မိတ်ဆွေသင်္ဂဟအပေါင်းတို့နှင့်တကွ မကျွတ်မလွတ်ကြကုန်သော ဒုက္ခိတဝေနေယျ သတ္တဝါအပေါင်းတို့အား ဝဋ်ဆင်းရဲ၊ ဝဋ်ဒုက္ခမှ လွတ်မြောက်ပြီး သုဂတိ ဘုံဘဝသို့ရောက်ရှိနိုင်စေရန်အတွက် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကာ အမျှအတန်းပေးဝေခဲ့ကြသည့် အကျွတ်အလွတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။
 

အဆိုပါအမျှအတန်းပေးဝေရာသို့ ဆရာတော်သံဃာတော်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်း၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် မြို့ပေါ် (၁၀)ရပ်ကွက်မှ ပရိတ်သတ်များ အင်အားစုစုပေါင်း (၁၅၀)ဦးခန့်လာရောက်ကြောင်းသိရသည်။

ချိုမောင်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။