Trending Now

ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က နတ်မဟုတ်ကြီး ချောင်းကူးတံတား ဖြတ်သန်းခ ကောက်ခံရေး ဝန်ထမ်း ၄ ဦး အသတ်ခံရ

Spread the love

ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က နတ်မဟုတ်ကြီး ချောင်းကူးတံတား ဖြတ်သန်းခ ကောက်ခံရေး ဝန်ထမ်း ၄ ဦး အသတ်ခံရ

EPN
အင်းတော်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနားကားလမ်း နတ်မဟုတ်ကြီး ချောင်းကူးတံတား ဖြတ်သန်းခ ကောက်ခံရေး ဝန်ထမ်း ၄ ဦးဟာ ဧပြီ ၃ ရက်၊ မနေ့က ညနေပိုင်းမှာ အသတ်ခံထားရတာကို ကားသမားတွေက မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့က ညနေ ၅ နာရီကျော်မှာ အဲ့ဒီ တံတားကိုဖြတ်တဲ့အချိန် တံတားခ ကောက်နေကြသူတွေက ဂိတ်တဲရှေ့ လမ်းပေါ်မှာ အသတ်ခံထားရတာကို မြင်ခဲ့ရတာ” လို့ ကားသမားတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် နယ်ခံ လူမှုကူညီရေး အသင်း၊ ပရဟိတသမား တစ်ယောက်ပြောတာက “တံတားဖြတ်သန်းခ ကောက်ခံရေး ဝန်ထမ်း ၄ ဦး အသတ်ခံထားရတာဖြစ်ပြီး၊ သေဆုံးသူတွေဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ ဓားဒဏ်ရာတွေနဲ့ ” လို့ ဆိုပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး “အသတ်ခံရတဲ့သူက တံတားဖြတ်သန်းခ ကောက်ခံရေး နေ့စား ဝန်ထမ်း ၄ ဦးဖြစ်တယ်၊ အမှုဖွင့် စုံစမ်းဖော်ထုတ်နေတယ် ” လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

နတ်မဟုတ်ကြီး ချောင်းကူးတံတား ဖြတ်သန်းခ ကောက်ခံရေး နေ့စား ဝန်ထမ်းတွေ ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားတယ်ဆိုတာ EPN အနေနဲ့ အခုချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။