Trending Now

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ တန်ကြေးရှိ ခေတ်မီတော်ပီဒိုများ အမေရိကန် ရောင်းချမည်

Spread the love

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ တန်ကြေးရှိ ခေတ်မီတော်ပီဒိုများ အမေရိကန် ရောင်းချမည်

EPN
နိုင်ငံတကာ၊ မေ ၂၁

အမေရိကန်နှင့် ထိုင်ဝမ်ကို တရုတ်ပိုင်နက်နယ်မြေဟု ဆိုသည့် တရုတ်နိုင်ငံကြား ရှိယင်းစွဲ တင်းမာမှုများ ပိုမို ဆိုးရွားလာစေမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာဖွယ်ရှိသည့် ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ ဝန်းကျင် တန် ကြေးရှိ ခေတ်မီတော်ပီဒိုများရောင်းချရန် အမေရိကန်အစိုးရက ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။

တိုင်းပြည်အများစုကဲ့သို့ အမေရိကန်နိုင်ငံက ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရန် ထိုင်ဝမ်ကျွန်းသို့ ဉပဒေအရ ပံ့ပိုးကူညီမှုရှိသည်။ ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံက လက်နက်များရောင်းချမှုကို တရုတ်နိုင်ငံက အမြဲလိုလို ရှုတ်ချလေ့ရှိသည်။

ထိုင်ဝမ်သို့ ခန့်မှန်းချေ ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိ MK-48 Mod6 ခေတ်မိ တော်ပီဒို ၁၈ စင်းနှင့် ဆက် စပ်ကိရိယာများ ရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း အမေရိကန် ကာ ကွယ်ရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

အဆိုပြုထားသော လက်နက်ရောင်းချမှုက လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြှင့်တင်ရန်နှင့် ကာကွယ်ရေး စွမ်းပကား ထိန်းသိမ်းရန် ထိုင်ဝမ်၏ စဉ်ဆက်မပြတ်သော ကြိုးပမ်းမှုများကို ပံ့ပိုးပေးခြင်းဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသား၊ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများကို ရည်ညွှန်းသည်။

တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာထိပါးမှုကို ပယ်ချခဲ့သည့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းက ဒုတိယ သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် အဆိုပါကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြန်လည် ပေါင်းစည်းရန် လုပ်ဆောင်မည်ဖြစ်ပြီး ထိုင်ဝမ်၏လွတ်လပ်ရေးကို သည်းခံမည်မဟုတ်ဟု တရုတ်နိုင်ငံက တုံ့ပြန်ခဲ့ သည်။

ဆိုင်အင်ဝမ်း သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ထိုင်ဝမ်လေပိုင်နက်အတွင်း ဂျက် တိုက်လေယာဉ်များ ပျံသန်းခြင်း၊ စစ်သင်္ဘောများ မောင်းနှင်ခြင်းဖြင့် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ တရုတ် နိုင်ငံက တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံက ဆိုင်အင်ဝမ်းကို ခွဲထွက်ရေးသမားတစ်ဉီးအဖြစ် ရှုမြင်ပြီး ထိုင်ဝမ်မှာ “တရုတ်သမ္မတနိုင် ငံ” ခေါ် လွတ်လပ်သောနိုင်ငံတစ်ခုဟု ဆိုင်အင်ဝမ်းက ပြောကြားခဲ့ပြီး ပေကျင်းကအုပ်ချုပ်သည့် “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ” ၏ အစိတ်အပိုင်းတစ်ခု မဖြစ်လိုကြောင်း ဆိုသည်။

–ကိုးကား–
သည်ဂလိုဘယ်လ်အန်မေးလ်
Ref; U.S. to sell Taiwan $180-million worth of torpedoes


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။