Trending Now

လြယ္​ဂ်ယ္​၌ ​​ေလျပင္း​တုိက္ခတ္မွုေၾကာင့္ျပည္ သူ႕ေဆးရံုအေဆာက္အအံုႏွင္​့ဆန္​ဂို​ေဒါင္​တစ္​လံုးပ်က္​စီး

Spread the love

လြယ္​ဂ်ယ္​၌ ​​ေလျပင္း​တုိက္ခတ္မွုေၾကာင့္ျပည္ သူ႕ေဆးရံုအေဆာက္အအံုႏွင္​့ဆန္​ဂို​ေဒါင္​တစ္​လံုးပ်က္​စီး
EPN
လြယ္ဂ်ယ္​ ၊ေဖေဖာ္၀ါရီ ၁၈

ကခ်င္ျပည္နယ္အတြင္း၊ဗန္​း​ေမာ္​ခ႐ိုင္​၊လြယ္​ဂ်ယ္​ၿမိဳ႕​​တြင္​​ေဖ​ေဖာ္​ဝါရီလ ၁၇ရက္​​ေန႔က အခ်န္​​​အခါအဟုတ္​မိုးသည္​းထန္​စြာရြာသြန္​းျပီး၊​ေလးျပင္​းတိုက္​ခတ္​ခဲ့မႈ​ေၾကာင္​့ ျပည္​သူ႔​ေဆးရံုႀကီးႏွင္​့ ပုဂၢလိက ပိုင္​ဆန္​ဂို​ေဒါင္​တစ္​လံုးပ်က္​စီးဆံုး႐ွံုးခဲ့ေၾကာင္း သိရသည္။
ရုတ္တရက္ ေလျပင္းတိုက္ခတ္ျခင္း၊မိုးသည္း
ထန္စြာရြာသြန္းျခင္း တို႔ေၾကာင့္ အၿမိဳ႕ၿမိဳ႕အနယ္ နယ္တြင္ ေနအိမ္အေဆာက္အအံုမ်ား ထိခိုက္ပ်က္ဆီးဆံုးရံႈးျခင္းမ်ား ျဖစ္ေပၚခဲ့ရာ ဗန္းေမာ္ခရိုင္ လြယ္ဂ်ယ္ၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္ျခင္းေၾကာင့္ ပုဂၢိလကပိုင္ ဆန္ဂိုေဒါင္တစ္လံုးႏွင့္ ျပည္သူ႕ေဆးရံုတို႔မွာ ပ်က္ဆီးဆံုးရံႈးမႈမ်ားျဖစ္ေပၚခဲ့သည္။
ျဖစ္စဥ္မွာ ယန္မန္ေ​​န႔ ည၆နာရီခြဲအခ်ိန္​ကလြယ္ဂ်ယ္ၿမိဳ႕တြင္ရုတ္တရက္ မိုးသည္းထန္စြာရြာသြန္​းၿပီး ေလျပင္းတိုက္ခတ္မႈခဲ့မႈ​ေၾကာင္​့လြယ္ဂ်ယ္ၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ရွိ ျပည္သူ႔​ေဆးရံုုႀကီးရိွအမ်ိ ဳးသားအ​ေဆာင္​တံခါးမွန္​တစ္​ခ်ပ္​၊ခြဲစိတ္​မွန္​တံခါးႏွစ္​ခ်ပ္​၊အမိုးသြပ္​ ၂၆ခ်ပ္​၊သစ္​သားဒိုင္​းမွ်ားတန္​းမ်ားႏွင္​့ဦး၀င္းေရႊ ပိုင္ဆိုင္သည့္ လ်ား(၁၅၀)ေပ အနံ (၁၂၀)ေပရွိ သြပ္မိုးသြပ္ကာျဖင့္ ေဆာက္လုပ္ထားသည့္ ဆန္ဂိုေဒါင္မွ သြပ္အခ်ပ္ေရ (၉၀)ခ်ပ္၊ျပဳတ္ထြက္လန္က်ပ်က္ ဆီးခဲ့​ေၾကာင္​းသိရသည္​။
အဆိုပါမိုးသက္​​ေလျပင္​းက်​ေရာက္​သည္​့​ေနရာတြင္​ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ႏိုင္ေရးအတြက္ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လြယ္ဂ်ယ္နယ္ေျမမီးသတ္စခန္းမွ လက္ေထာက္ဦးစီးမွဴး ဦးမိုးေအာင္ ဦး
ေဆာင္သည့္ မီးသတ္တပ္ဖြဲ႕၀င္မ်ားက လိုအပ္သည့္ ကူညီမႈမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္​။
လြမ္​း​ေအာင္​
လွယ်ဂျယ်၌ လေပြင်းတိုက်ခတ်မှုကြောင့်ပြည် သူ့ဆေးရုံအဆောက်အအုံနှင့်ဆန်ဂိုဒေါင်တစ်လုံးပျက်စီး
EPN
လွယ်ဂျယ် ၊ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်အတွင်း၊ဗန်းမော်ခရိုင်၊လွယ်ဂျယ်မြို့တွင်ဖေဖော်ဝါရီလ ၁၇ရက်နေ့က အချန်အခါအဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး၊လေးပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိက ပိုင်ဆန်ဂိုဒေါင်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် အမြို့မြို့အနယ် နယ်တွင် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်ဆီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ပုဂ္ဂိလကပိုင် ဆန်ဂိုဒေါင်တစ်လုံးနှင့် ပြည်သူ့ဆေးရုံတို့မှာ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ ယန်မန်နေ့ ည၆နာရီခွဲအချိန်ကလွယ်ဂျယ်မြို့တွင်ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုခဲ့မှုကြောင့်လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူ့ဆေးရုံုကြီးရှိအမျိ ုးသားအဆောင်တံခါးမှန်တစ်ချပ်၊ခွဲစိတ်မှန်တံခါးနှစ်ချပ်၊အမိုးသွပ် ၂၆ချပ်၊သစ်သားဒိုင်းမျှားတန်းများနှင့်ဦးဝင်းရွှေ ပိုင်ဆိုင်သည့် လျား(၁၅၀)ပေ အနံ (၁၂၀)ပေရှိ သွပ်မိုးသွပ်ကာဖြင့် ဆောက်လုပ်ထားသည့် ဆန်ဂိုဒေါင်မှ သွပ်အချပ်ရေ (၉၀)ချပ်၊ပြုတ်ထွက်လန်ကျပျက် ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါမိုးသက်လေပြင်းကျရောက်သည့်နေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွယ်ဂျယ်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမိုးအောင် ဦး
ဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွမ်းအောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။