Trending Now

တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများအတွက် အပြန်ခရီးစရိတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ထောက်ပံ့လှူဒါန်း

Spread the love

တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများအတွက် အပြန်ခရီးစရိတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ထောက်ပံ့လှူဒါန်း

EPN
ချီဖွေ၊ မတ် ၂၁

ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှ ချီဖွေစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုခဲ့ကြသည့် အ.ထ.က(နိုဇွန်ဘော်)မှ ကျောင်းသား/သူများအတွက် အပြန်ခရီးစရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ချီဖွေစာစစ်ဌာနသို့ အ.ထ.က(နိုဇွန်ဘော်)မှ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူ စုစုပေါင်း (၂၆)ဦးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှ ထောက်ပံ့လှူဒါန်းသည့် တရုတ်ယွမ်ငွေ(၇၈၀၀) တိတိကို ဦးဇခုန်ယိန်းဆောင်၏ ကိုယ်စား ဦးငှါးကျဲမှ မတ်လ ၂၀ ရက်နေ့က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းခဲ့သည့်အပေါ် အ.ထ.က(နိုဇွန်ဘော်) ကျောင်းသား/သူများကို ကြီးကြပ်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးနေသည့် ဦးလယ်ဝမ်းက ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော်တို့ ဒေသကနေ လာရောက်ဖြေဆိုကြတဲ့ ကလေးတွေအတွက် အလာခရီးစရိတ်နဲ့ နေထိုင်စားသောက်ရေးအတွက် ကူညီပေးခဲ့တဲ့အပြင် အခုအပြန်လမ်းစရိတ်ပါ ထောက်ပံ့ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ကျေးဇူးတင်ပါတယ်။ အခုလို ထောက်ပံ့ပေးတော့ ကလေးတွေအတွက်ပါမက ကျောင်းသားမိဘတွေအတွက်ပါ အရမ်းအဆင်ပြေတာပေါ့ အစစအရာရာ အားလုံး အခက်အခဲမရှိအောင် ကူညီပေးတဲ့အတွက် ကလေးတွေအားလုံးကိုယ်စား တာဝန်ခံတစ်ယောက်အနေနဲ့ အရမ်းကျေးဇူးတင်တယ်” ဟု ဦးလယ်ဝမ်းက ပြောသည်။

ယခုနှစ်ပညာသင်နှစ်တွင် အ.ထ.က နိုဇွန်ဘော် ကျောင်းမှ တက္ကသိုလ်ဝင်တန်းကို ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၆ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရပြီး စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်၊ ဒေသအဖွဲ့အစည်းနှင့် ဆန်းလင်းကုမ္ပဏီတို့မှ လမ်းစရိတ်၊ အသုံးစရိတ်များ၊ လမ်းစရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။