Trending Now

ဖန်နီမုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ်မှာ အိမ်တစ်ထောင်ကျော်ပျက်စီး

Spread the love

ဖန်နီမုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ်မှာ အိမ်တစ်ထောင်ကျော်ပျက်စီး 
EPN
နိုင်ငံတကာ၊ မေ ၅ 
ဆိုင်ကလုန်းမုန်တိုင်းဖန်နီကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံမှာ နေအိမ်ပေါင်းတစ်ထောင်ပျက်စီးခဲ့ပြီး ရွာအများအပြားမုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ်။
မုန်တိုင်းဟာ လက်ရှိအချိန်မှာ အားပျော့ သွားပြီဖြစ်ပေမယ့် ဘင်္ဂလားဒေရှ်နိုင်ငံအတွင်းရှိ လူပေါင်းတစ်သန်းကျော်ကို ဘေးလွတ်ရာကိုရွှေပြောင်းထားရတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းဖန်နီဟာပြီးခဲ့တဲ့ မေ၃ရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ပြီးမုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံမှာအနည်းဆုံးလူငါးဦးသေဆုံးကာခြောက်ဆယ့်သုံးဦးဒဏ်ရာရခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာလည်းမုန်တိုင်းဒဏ်မှ လွတ်စေဖို့လူပေါင်းတစ်သန်းကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဘေးလွတ်ရာကိုရွှေပြောင်းပေးခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ မုန်တိုင်းကြောင့် အနည်းဆုံးလူ(၁၆)ဦး သေဆုံးခဲ့ရပါတယ်။
—————————————–

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။