Trending Now

ကလေးမြို့တွင် စင်္ကာပူမှပြန်လာသည့်အမျိုးသမီးတစ်ဦး စောင့်ကြည်လူနာအဖြစ်ထားရှိ

Spread the love

ကလေးမြို့တွင် စင်္ကာပူမှပြန်လာသည့်အမျိုးသမီးတစ်ဦး စောင့်ကြည်လူနာအဖြစ်ထားရှိ

EPN
ကလေး၊ မတ် ၂၂

ကလေးမြို့တွင် စင်္ကာပူမှပြန်လာသည့်အမျိုးသမီးတစ်ဦးကို ပြည်သူ့ဆေးရုံသီးသန့်ဆောင်၌ စောင့်ကြည်လူနာအဖြစ်ထားရှိကြောင်း ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးညီညီက ပြောသည်။

ကလေးမြို့နယ် ပျဉ်းခုံလေးကျေးရွာနေသူ မ—–(၃၅)နှစ်သည် စင်္ကာပူသို့ အိမ်အကူသွားလုပ်ပြီး မတ် ၁၇ ရက်နေ့က ပြန်လာခဲ့သည်။ မတ် ၁၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်ကိုရောက်ရှိလာကာ ၁၉ ရက်နေ့တွင် ရန်ကုန်မှပြန်လာပြီး ၂၀ ရက်နေ့တွင် ကလေးမြို့တွင်ရောက်ရှိခဲ့သည်။

“ပြန်ရောက်တော့ သူကဖျားတာပေါ့။ ပထမက ဝယ်စလီဆေးရုံကို နေ့လည် ၂ နာရီမှာသွားပြတယ်။ ည ၉ နာရီမှာ ကလေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်တယ်။ ပြည်သူ့ဆေးရုံကတော့ စောင့်ကြည့်လူနာအနေနဲ့ သီးသန့်ထားတယ်။ ဒီနေ့တော့ အခြေအနေကောင်းပါတယ်”ဟု ဦးညီညီက ပြောသည်။

စောင့်ကြည့်လူနာအဖြစ်ထားရှိသူသည် ယခုလက်ရှိမှာတော့ အသက်ရှုကြပ်lနှားစေး၊ ချောင်းဆိုး၊ လည်ချောင်းနာခြင်းများကို မတွေ့ရှိသလို ဗိုက်အနည်းငယ်နာခြင်းသာရှိကြောင်း သိရသည်။

စောင့်ကြည့်လူနာမှာ ဘာမှမတွေ့ရှိရသော်လည်း သချာစိတ်ချရန်အတွက် ဓါတ်ခွဲနမူနာအား ယနေ့အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်သို့ လေကြောင်းလိုင်းဖြင့် ပို့ဆောင်သွားမည်ဖြစ်ပြီး စစ်ဆေးချက်အဖြေရရှိပါက ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။