Trending Now

တိုက်ပွဲဝင်အသင့်ဖြစ်နေစေဖို့အတွက် နေတိုးတပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀၀ ကျော်ကို အသင့်ပြင်ဆင်ထားမှာဖြစ် ကြောင်း နေတိုးအတွင်းရေးမှူးပြော

Spread the love

တိုက်ပွဲဝင်အသင့်ဖြစ်နေစေဖို့အတွက် နေတိုးတပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀၀ ကျော်ကို အသင့်ပြင်ဆင်ထားမှာဖြစ် ကြောင်း နေတိုးအတွင်းရေးမှူးပြော

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ၎င်းတို့ရဲ့ စစ်အင်အားကို အဆင့်မြှင့်တင်နေစဉ်အတွင်းမှာ တိုက်ပွဲဝင်အသင့်ဖြစ်နေစေဖို့အတွက် နေတိုးတပ်ဖွဲ့ဝင် အင်အား ၃၀၀၀၀၀ ကျော်အထိ အသင့်ပြင်ဆင်ထားမှာဖြစ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ဂျန်းဆော့ တန်းဘာ့ဂျ်က ဇွန်လ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ဟာ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ ဆိုးကျိုးတွေနဲ့ နပမ်းလုံးနေရတဲ့အချိန်မှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ စပိန်နိုင်ငံ မက်ဒရက်မြို့မှာ ဒီသီတင်းပတ်ထဲမှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။

နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေဟာ နေတိုးအဖွဲ့ရဲ့အရှေ့ဘက်စစ်တောင်ပံမှာတပ်ဖြန့်ချထားတဲ့ ၎င်းတို့ရဲ့ တိုက်ခိုက်ရေးအင်အားစုတချို့ကို အင်အား ၃၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်ရှိတဲ့ တပ်မဟာအဆင့်အထိ တိုးမြှင့် ချထားမှာဖြစ်ပြီး စုစုပေါင်းအင်အား ၃၀၀၀၀၀ ကျော်အထိ တိုးမြှင့်သွားမှာဖြစ်တယ်လို့ နေတိုးအဖွဲ့အတွင်းရေး မှူး ဂျန်းဆော့တန်းဘာ့ဂျ်က ပြောပါတယ်။

ဒါ့အပြင် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေအပါအဝင် လက်နက်ကြီးတွေကို နေတိုးအဖွဲ့ရဲ့အရှေ့ဘက် စစ်မျက်နှာအစွန်အဖျားဒေသတွေဆီကို ထပ်မံပေးပို့သွားမယ်လို့လည်း သိရပါတယ်။ အဲဒီဒေသတွေမှာ နေတိုး တပ်ဖွဲ့ဝင်တွေကို ကြိုတင်တပ်ဖြန့်ချထားပြီးသားလို့လည်း သိရပါတယ်။

“ဒါဟာ စစ်အေးတိုက်ပွဲပြီးဆုံးသွားပြီးကတည်းက ကျွန်တော်တို့ရဲ့ စုပေါင်းကာကွယ်ရေးအစီအစဉ်နဲ့ အဟန့်အ တားတွေကို အကြီးမားဆုံး အလုံးစုံပြောင်းလဲပြုပြင်လိုက်တာပါ။” လို့ ဆော့တန်းဘာ့ဂျ်ကပြောပါတယ်။

နေတိုးအဖွဲ့ဟာ လက်ရှိအချိန်မှာ စစ်အင်အား ၄၀၀၀၀ ဝန်းကျင်ကို တပ်ဖြန့်ချထားပြီးဖြစ်ပေမဲ့ အရေးပေါ်အခြေ အနေဖြစ်လာချိန်မှာ နေတိုးတပ်တွေကိုအသုံးပြုနိုင်အောင် အင်အား ၃၀၀၀၀၀ ကျော်အထိ တပ်ဖြန့်ချထားဖို့ပြင် ဆင်နေတယ်လို့ သိရပါတယ်။

Ref: NATO Allies to Boost High Readiness Forces to 300,000

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။