Trending Now

အမျိုးသားသုံးဦး မောင်းနှင်လာသော ဆိုင်ကယ်ခွကြားမှ ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

အမျိုးသားသုံးဦး မောင်းနှင်လာသော ဆိုင်ကယ်ခွကြားမှ ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ကျိုင်းတုံ၊ စက်တင်ဘာ ၁၁ (၂၀၂၃)

ကျိုင်းတုံမြို့တွင် အမျိုးသားသုံးဦးမောင်းနှင်လာသော ဆိုင်ကယ်ခွကြားမှ သိန်း (၁၂၀၀) တန်ဖိုးရှိမူးယစ်ဆေးဝါးများ စက်တင်ဘာ ၉ ရက်နေ့က နေ့လယ် ၁၂ခွဲ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)တွင်စက်တင်ဘာလ ၉ရက်နေ့ နေ့လယ် ၁၂ခွဲအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ ကာဗေလှ မောင်းနှင်ပြီး ကျာဂ လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်၊ ကျထော မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်နှင့် ကျာဟော် မောင်းနှင်လာသည့်မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် ၎င်းတို့ သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား (ဒေသ ကာလ ပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကာဗေလှ( ၂၇)နှစ်၊ ကျာဂ (၄၈)နှစ်၊ ကျထော(၃၂)နှစ် နှင့် ကျာဟော် (၂၇)နှစ်တို့ ကို ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။