Trending Now

ထိုင်းဘုရင် နဲ့ မိဖုရား ကိုဗစ်ကူးစက်ခံထားရ

Spread the love

ထိုင်းဘုရင် နဲ့ မိဖုရား ကိုဗစ်ကူးစက်ခံထားရ

 

EPN

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

ထိုင်းဘုရင် နဲ့ မိဖုရားတို့ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အခုအချိန်အထိ အပျော့စား လက္ခဏာများသာတွေ့ရှိရကြောင်း တော်ဝင်နန်းတော်က ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အသက်(၇၇)နှစ်အရွယ် ထိုင်းဘုရင် မဟာဝီဇရာလောင်ကွန်း နဲ့ မိဖုရား စုသီဒါတို့ကို ဆေးကုသမှုခံယူဖို့အတွက် ဆရာဝန်တွေကို ညွန်ကြားထားပြီး ဘုရင်ကြီးကို တာဝန်တွေကနေ ခေတ္တအနာယူရန် တောင်ဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က နှလုံးရောဂါကြောင့် သတိလစ်သွားတဲ့ သမီးတော်ဟာ ဘန်ကောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ထိုင်းဘုရင် နဲ့ မိဖုရားတို့က ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို ဖြေလျော့ပေးခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်းမှာ အိုမီခရွန်ကူးစက်မှု မြင့်တက်လာတယ်လိုပ ရောဂါထိန်းချုပ်ရေးဌာက ပြောပါတယ်။

ရောဂါထိန်းချုပ်ရေးဌာရဲ့ မှတ်တမ်းတွေအရေ ထိုင်းနိုင်ငံရဲ့ လူဦးရေ ၈၂ ရာခိုင်နှုန်း(လူဦးရေ ၅၇ သန်း) ဟာ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံထားသူတွေဖြစ်ပြီး ၅၃ သန်းခွဲဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်တယ်လို့ သိရပါတယ်။

— ကိုးကား —
အေပီ
Ref; Thailand’s king, queen test positive for COVID-19

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။