Trending Now

ဆင်ဘိုမြို့ပေါ်ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

ဆင်ဘိုမြို့ပေါ်ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
ဆင်ဘို၊ မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့၊ မြို့ပေါ်ရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီ အချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကြာအင်းလမ်းတွင်နေထိုင်သည့် အမျိုးသားကို ဆိုင်ကယ်ဖြင့် လာသည့် လက်နက်ကိုင် ၂ဦးက မတ်လ ၅ ရက် ည ၈နာရီအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၄၀ ခန့် ဦးသိန်းထွန်းအောင် ဆိုသူ ဖြစ်ပြီး ဝဲဘက်နောက်ကျောမှ ယာဘက်ဂျိုင်းအောက် ဖောက်ထွက်သည့် သေနတ်ဒဏ်ရာ (၁)ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်‌ကြောင်း ဒေသခံများထံက သိရသည်။

တာဝန်ရှိသူများက သေဆုံးသူအား ဆင်ဘိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆင်ဘိုနယ်မြေရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။