Trending Now

ရုရှားက နျူကလီးယားထိပ်ဖူးများစွာ သယ်ဆောင်နိုင်တဲ့ Yars တိုက်ချင်းပစ် ဒုံးကျည်နဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

Spread the love

ရုရှားက နျူကလီးယားထိပ်ဖူးများစွာ သယ်ဆောင်နိုင်တဲ့ Yars တိုက်ချင်းပစ် ဒုံးကျည်နဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

EPN
နိုင်ငံတကာ၊ မတ် ၃၁

ရုရှားက နျူကလီးယားထိပ်ဖူးများစွာ တပ်ဆင်ပြီးကီလိုမီတာ ၁၂၀၀၀ (၇၅၀၀မိုင်)အထိပစ်ခတ်နိုင်တဲ့ Yars တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။

လေ့ကျင့်မှုကို ရုရှားနျူကလီးယာတပ်ဖွဲ့ဝင် ၃၀၀၀၊ နျူကလီးယားထိပ်ဖူး ၃၀၀ နဲ့အတူ ရုရှား ဒေသ သုံးခုမှာ ပြုလုပ်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘယ်နေရာမှာ ပြုလုပ်မယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

Yars တိုက်ချင်းပစ်ဒုံးကျည်ဟာ နျူးကလီးယားထိပ်ဖူးများစွာ သယ်ဆောင်နိုင်တဲ့ ရုရှားရဲ့ အကြီးဆုံး ဒုံးကျည်တွေထဲက တစ်ခုဖြစ်ပြီး မတူညီတဲ့ ပစ်မှတ်တွေကို တပြိုင်နက် ပစ်ခတ်နိုင်တဲ့ ထရပ်ကားတင် ဟိုက်ပါဆောနစ် တာဝေးပစ် ဒုံးကျည်တစ်ခုဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ နယ်နိမတ်ချင်းထိစပ် ဘီလာရုနဲ့ စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ နှစ်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဘီလာရုနိုင်ငံမှာ အသေးစား နျူထိပ်ဖူးတပ် ဒုံးကျည်တွေ ဖြန့်ကျက်ချထားမယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားရဲ့ နည်းဗျူဟာမြောက် နျူးလက်နက်တွေကို နိုင်ငံအတွင်မှာ လက်ခံဖို့ ဆုံးဖြတ်ခဲ့တာဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကို တုံ့ပြန်ခဲ့တာဖြစ်သလို နိုင်ငံအနီးမှာ နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးတည်ဆောက်မှု မြင့်တက်လာတာကို တုံ့ပြန်ဖို့ ဖြစ်တယ်လို့ ဘီလာရုက ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားက နည်းဗျူဟာမြောက် နျူကလီးယားလက်နက် အသုံးပြုဖို့ နီးစပ်နေတယ်ဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရပေမယ့် ဆုံးဖြတ်ချက်အတွက် စိုးရိမ်ရမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

ရုရှားက Yars intercontinental ballistic missile (ICBM) စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဟာ နျူကလီးယား အင်အားကို ထုတ်ဖော်ပြသဖို့ ရည်ရွယ်ထားတဲ့ မော်စကိုရဲ့ နောက်ထပ်ကြိုးပမ်းမှုတစ်ခုအဖြစ် နောက်နိုင်ငံတွေက ရှုမြင်ထားပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။