Trending Now

အသက် ၅နှစ် နှင့် ၁၂ နှစ်ကြား ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

Spread the love

အသက် ၅နှစ် နှင့် ၁၂ နှစ်ကြား ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

EPN
ဟိုပင်၊ ဇွန် ၇

ကချင်ပြည်နယ် ဟိုပင်ဒေသအတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသားကျောင်းသူများ ကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ ဇွန်လ ၆ ရက်နေ့တွင် ဟိုပင်မြို့၌ ကျောင်းသား၊ ကျောင်းသူ များကို ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

ဟိုပင်ဒေသအတွင်းရှိ ယခုနှစ် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းအားလုံးတွင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးအဖွဲ့ နှင့် ပညာရေးအဖွဲ့တို့ပူးပေါင်းကာ ကလေးငယ်များ ကောင်းမွန်စွာ ပညာသင်ယူရေးအတွက် ကိုဗစ်ကာကွယ်ဆေးများလိုက်လံ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးငယ်တွေအတွက် ရောဂါကာကွယ်ဆေးတွေကို ဒီနေ့ကျောင်းဖွင့်ရက် ဇွန်လ (၂)ရက်နေ့က စပြီး ထိုးနှံပေးနေတာဖြစ်တယ်၊ မူလတန်းဖြစ်တဲ့ အသက်(၅)နှစ်က နေ (၁၂)ကြား ကလေးငယ်တွေအတွက် ထိုးနှံပေးတာပါ” ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟိုပင်ပေါ်ရှိ ကျောင်းများဖြစ်သည့် အထက ဟိုပင်၊ အထက မြသီတာ၊ အထက – စက်ကုန်း၊ အခြေခံပညာမူလတန်းနှင့် မူလွန်ကျောင်းများအပါအဝင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူ ကျောင်းသား၊ ကျောင်းသူ အားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဟိုပင်ဒေသအတွင်း ယခုနှစ် (၂၀၂၂ -၂၀၂၃) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းအားလုံးကိုဖွင့်လှစ်ထားပြီး နေ့စဥ် ကျောင်းလာအပ်နေသူများကို လက်ခံပေးလျှက်ရှိကြောင်း သိရသည်။

စိုးဝင်းထွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။