Trending Now

အင်းတော်ကြီးဒေသ ပန်လာကျေးရွာရှိ အမကကျောင်း ဆက်ဖွင့်လျှင် ဗုံးခွဲမယ်လို့ PDF အဖွဲ့များ ခြိမ်းခြောက်

Spread the love

အင်းတော်ကြီးဒေသ ပန်လာကျေးရွာရှိ အမကကျောင်း ဆက်ဖွင့်လျှင် ဗုံးခွဲမယ်လို့ PDF အဖွဲ့များ ခြိမ်းခြောက်
EPN
မန္တလေး၊ သြဂုတ် ၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ပန်းလာကျေးရွာရှိ အမက(မွန်လွန်)ကျောင်း ဆက်ဖွင့် လျှင် ဗုံးခွဲပစ်မယ်လို့ အကြမ်းဖက်သမားများက ခြိမ်းခြောက်လိုက်သည်။
“ညက ရွာထဲကို လူစိမ်းတွေ ဆိုင်ကယ် ၄ စီးနဲ့ရောက်လာပြီး စာသင်ကျောင်းကို ရေးသွားတာ ကျောင်းဆက် ဖွင့်ရင် ဗုံးခွဲမယ်လို့ ရေးသွားတာ။ ဘယ်အကြမ်းဖက်အဖွဲ့လည်းဆိုတာ သေချာမသိဘူး” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆု်ပါ ကျေးရွာသည် ရှမ်းနီတိုင်းရင်းသားများ အများဆုံးနေထိုင်ရာ ကျေးရွာဖြစ်သည်။ လက်ရှိအချိန်၌ KIA/ PDF အဖွဲ့များသည် ရှမ်းနီတိုင်းရင်းသားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိနေသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။