Trending Now

အစ္စရေး တင့်ကားတစ်စီး စစ်အခြေစိုက်စခန်းကနေ ခိုးယူခံခဲ့ရ

Spread the love

အစ္စရေး တင့်ကားတစ်စီး စစ်အခြေစိုက်စခန်းကနေ ခိုးယူခံခဲ့ရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

အစ္စရေးအာဏာပိုင်တွေက စစ်ရေးလေ့ကျင့်မှုဇုန်တစ်ခုအတွင်းက ခိုးယူခံလိုက်ရတဲ့ တင့်ကားတစ်စီးကို အမှိုက်ပုံကနေ ပြန်လည်တွေ့ရှိပြီးနောက် ဘယ်လိုခိုးယူခံလိုက်ရသလဲဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ အေပီသတင်းက ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ မြောက်ပိုင်း ဟိုင်ဖာကမ်းရိုးတန်းမြို့အနီး လေ့ကျင့်ရေးဇုန်အတွင်းကနေ Merkava 2 တင့်ကားတစ်စီး ပျောက်ဆုံးသွားခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒီဇုန်ဟာ လေ့ကျင့်ရေးပြုလုပ်နေချိန်မှာ ပြည်သူအသုံးပြုခွင့်ကို ပိတ်ထားလေ့ရှိပေမယ့် ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ သိရပါတယ်။

၆၅ တန် အလေးချိန်ရှိတဲ့ တင်ကားကို စစ်အခြေစိုက်စခန်းနဲ့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ အမှိုက်ကျင်းတစ်ခုမှာ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“ခိုးယူထားတဲ့ တင့်ကားကို တွေ့ရှိတာနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ရဲတပ်ဖွဲ့က ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်” ရဲတပ်ဖွဲ့က ပြောပါတယ်။

ခိုးယူခံလိုက်ရတဲ့ Merkava 2 ကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့အတွက် လက်နက်တွေတပ်ဆင်ထားခြင်းမရှိပေမယ့် မကြာသေးခင်က လေ့ကျင့်မှုအတွင်းမှာ စစ်သားတွေအတွက် လေ့ကျင့်ရေးကရိယာ အဖြစ် အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ခိုးယူမှု သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီး တင့်ကားကို စစ်အခြေစိုက်စခန်းကနေ ဘယ်လိုခိုးယူခံလိုက်ရသလဲဆိုတာ ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။