Trending Now

နမ္မတီး ညောင်တောချောင်းတွင် လူငယ်တစ်ဦး ရေနှစ်သေဆုံး

Spread the love

နမ္မတီး ညောင်တောချောင်းတွင် လူငယ်တစ်ဦး ရေနှစ်သေဆုံး

EPN
မိုးကောင်း၊ ဇွန် ၆
 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီမြို့၊ ညောင်တောကျေးရွာ ညောင်တောချောင်းအတွင်း ယနေ့ ဇွန် ၆ ရက် ညနေပိုင်းက လူငယ် အမျိုးသား တစ်ဦး ရေနှစ် သေဆုံးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

တာဝန်ရှိသူများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ သေဆုံးသူမှာ ပြီးခဲ့သည့် နှစ်က ဒဿမတန်းဖြေဆိုထားသည့် အသက် (၁၇)နှစ်အရွယ် မောင်မင်းစည်သူစိုး ဆိုသူ ဖြစ်ပြီး ၄င်းသည် အဆိုပါ ချောင်းအတွင်း ယနေ့၊ ဇွန် ၆ ရက် ညနေ ၃ နာရီ အချိန်ခန့်က သူငယ်ချင်းများနှင့်အတူ ရေချိုးဆင်းရာမှ ရေနှစ်ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာသို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူ ဦးစီး တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများက ၀ိုင်းဝန်းရှာဖွေခဲ့ရာ ညနေ ၄ နာရီအချိန်တွင် သေဆုံးလျှက် ပြန်လည်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ရှိသူများက အဆိုပါ သေဆုံးသူ လူငယ်၏ ရုပ်အလောင်းအား နှလုံးလှ ကျန်းမာရေးအသင်း မော်တော်ယာဉ်အကူအညီဖြင့် နမ္မတီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။