Trending Now

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယိန်းဆောင်က ကျေးရွာလေး ရွာတွင် ကိုဗစ်နိုင်တင်း ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများပေးအပ်

Spread the love

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယိန်းဆောင်က ကျေးရွာလေး ရွာတွင် ကိုဗစ်နိုင်တင်း ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများပေးအပ်

EPN
မြစ်ကြီးနား၊ မေ ၉

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ၎င်း၏မဲဆန္ဒနယ်ရှိ ကျေးရွာလေး ရွာအတွက် ဆေးဝါးနှင့် ငွေသားများကို ထောက်ပံ့လှူဒါန်းခဲ့သည်။

ဤသို့လှူဒါန်းရာတွင် ၎င်း၏မဲဆန္ဒနယ်မှ ရှီးချန်၊ ချန်းမော်ခုန်း၊ လန်းယန်ကျေးရွာသုံးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်ရပ်ချုပ်ရေးမှူးနှင့် ဆေးရုံဆေးခန်းများ အတွက် ငွေသားနှင့် ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေး ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့ရဲ့မဲဆန္ဒနယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသည့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၏ ခက်ခဲနေမှုများကို ကွင်းဆင်းတွေ့ဆုံမေးမြန်းပြီး တက်နိုင်သည့်ဘက်မှာ ယခုကဲ့သို့ ထောက်ပံ့ကူညီပေးဖြစ်တာပါ။ ကျန်ရှိသည့် ကျေးရွာများသို့သွားရောက်ပြီး ကျေးလက် ဆေးပေးခန်းများ၌ လိုအပ်သည်များကိုဆက်လက်လှူဒါန်းသွားမှာပါ” လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ပြောသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ယခုလ (၄)ရက်နေ့မှ (၈)ရက်နေ့များက ဦးဇခုန်ယိန်းဆောင်ကိုယ်တိုင်း ကွင်းဆင်း သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ရှီးချန်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဆရာမများအတွက် တရုတ် (ယွင် ၉၀၀၀)၊ ချန်းမော်ခုန်း တိုက်နယ်ဆေးရုံအတွက် PPE ဝတ်စုံ (၁၅) စုံ၊ ပိုးသတ်ဆေး (၁၅)ဗူး၊ ဖျန်းဆေးတစ်ဗူး တို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ လန်းယန်ကျေးရွာ ကျေးလက်ဆေးပေးခန်းအတွက် PPE ဝတ်စုံ(၃)စုံ၊ ပိုးသတ်ဆေး၃ဗူး၊ ပိုးသတ်ဆေးဖျန်းဆေးတစ်ဗူး၊ တရုတ်ယွင် (၅၀၀)နှင့် ကန်းဖန့်ကျေးရွာ ကျေးလက်ဆေးပေးခန်းအတွက် PPEဝတ်စုံ ၃စုံ၊ ပိုးသတ်ဆေးသုံးဗူး၊ ဖျန်းဆေးတစ်ဗူး၊ တရုတ်ယွင် ၅၀၀ တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦဇခုန်ယိန်းဆောင် အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်မှ မိဘပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေး၊ နှင့် လူမူကိစ္စများတွင် အစဥ်အမြဲ ကူညီဆောင်ရွက်ပေး​​သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်လို့ ဒေသခံများထံမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။