Trending Now

ပဌာန္းရြတ္ဆိုပူေဇာ္ပြဲဆုရရွိအဖြဲ႕မ်ားအားဂုဏ္ျပဳ

Spread the love

ပဌာန္းရြတ္ဆိုပူေဇာ္ပြဲဆုရရွိအဖြဲ႕မ်ားအားဂုဏ္ျပဳ
EPN
ဟိုပင္၊ မတ္ ၁၀
ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိိုင္ဟိုပင္ၿမိဳ ႕ရိွေျမာက္​​ေ႐ႊတိဂုံေစတီေတာ္ႀကီးတြင္ဒုတိယအႀကိမ္ဗုဒၶပူဇနိယပူေဇာ္ပြဲ၌ ပဌာန္း႐ြတ္ဆိုပူေဇာ္ၾကေသာဝတ္အသင္းမ်ားအားဂုဏ္ျပဳပြဲကို

ေန႔ညေန ၃ နာရီခြဲတြင္ အဆိုပါဘုရားဝန္း ရိွဇာတ္ရုံက်င္းပျပဳလုပ္​​ေၾကာင္းသိရသည္

အခမ္းအနားကို နေမာဒႆ (၃)ႀကိမ္႐ြတ္ဆိုဖြင့္လွစ္ခ့ဲၿပီး ၿမိဳ႕ဦးေက် ာင္းဆရာေတာ္အရွင္နာရဒမွ ၾသဝါဒစကားမိန္႔ၾကားခ့ဲသည္။ ထို႔ေနာက္ပဌန္း႐ြတ္ဆိုပူေဇာ္ၾကသည့္အဖြဲ႕မ်ားထဲမွ ပထမ၊ ဒုတိယ၊ တတိယနွင့္ နွစ္သိမ့္ဆုရအဖြဲ႕မ် ားအထူးဆုရအဖြဲ႕မ် ားကိုို ဘုရားဒါယကာဒါယိကာမျဖစ္သည့္ ဦးမင္းဟန္း+ေဒါ ္ၾကည္ၾကည္လြင္(မိသားစု)နွင့္အလွဴ ရွင္မ်ားမွအသီးသီးဂုဏ္ျပဳဆုမ်ားေပးအပ္ခ့ဲၾကသည္။
ယခုနွစ္ပဌာန္းရြတ္ဆိုပူေဇာ္ပြဲတြင္ ေက်းရြာအုပ္စု(၁၂)အုပ္စုမွ အဖြဲ႕ေပါင္း(၂၀)ပါဝင္ပူေဇာ္ရာတြင္ အမ်ိဳးသားသီးသန္႔(၁)ဖြဲ႕နွင့္ အမ်ိဳးသမီးကေလးငယ္(၂)ဖြဲ႕ ပါဝင္လာေၾကာင္းသိရသည္။
ပထမဆုကိုဓမၼပါလ(ရႊာသစ္ၾကီး)၊ ဒုတိယ(ခမရ-၃၈၉)နွင့္ တတိယဆုကိုပုညသဟာယ(၇မိုင္)အဖြဲ႕တို႔မွ အသီးသီးရရွိၾကသည္။
မိုးဟိန္
———————————————————
ပဌာန်းရွတ်ဆိုပူဇော်ပွဲဆုရရှိအဖွဲ့များအားဂုဏ်ပြု
EPN
ဟိုပင်၊ မတ် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဟိုပင်မြို့ရှိမြောက်ရွှေတိဂုံစေတီတော်ကြီးတွင်ဒုတိယအကြိမ် ဗုဒ္ဓပူဇနိယပူဇော်ပွဲ၌ ပဌာန်းရွတ်ဆိုပူဇော်ကြသောဝတ်အသင်းများအားဂုဏ်ပြုပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင် အဆိုပါဘုရားဝန်း ရှိဇာတ်ရုံကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားကို နမောဒဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့ဦးကျေ ာင်းဆရာတော်အရှင်နာရဒမှ သြဝါဒစကားမိန့်ကြားခဲ့သည်။ ထို့နောက်ပဌန်းရွတ်ဆိုပူဇော်ကြသည့်အဖွဲ့များထဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရအဖွဲ့မျ ားအထူးဆုရအဖွဲ့မျ ားကို ဘုရားဒါယကာဒါယိကာမဖြစ်သည့် ဦးမင်းဟန်း+ဒေါ ်ကြည်ကြည်လွင်(မိသားစု)နှင့်အလှူ ရှင်များမှအသီးသီးဂုဏ်ပြုဆုများပေးအပ်ခဲ့ကြသည်။
ယခုနှစ်ပဌာန်းရွတ်ဆိုပူဇော်ပွဲတွင် ကျေးရွာအုပ်စု(၁၂)အုပ်စုမှ အဖွဲ့ပေါင်း(၂၀)ပါဝင်ပူဇော်ရာတွင် အမျိုးသားသီးသန့်(၁)ဖွဲ့နှင့် အမျိုးသမီးကလေးငယ်(၂)ဖွဲ့ ပါဝင်လာကြောင်းသိရသည်။
ပထမဆုကိုဓမ္မပါလ(ရွှာသစ်ကြီး)၊ ဒုတိယ(ခမရ-၃၈၉)နှင့် တတိယဆုကိုပုညသဟာယ(၇မိုင်)အဖွဲ့တို့မှ အသီးသီးရရှိကြသည်။
မိုးဟိန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။