Trending Now

မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအား ယာယီပိတ်ထား

Spread the love

မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအား ယာယီပိတ်ထား

EPN
မြစ်ကြီးနား၊ ဇွန် ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်သွားလမ်းအား တပ်မတော်နှင့် ‌KIA လက်နက်ကိုင်အဖွဲ့တို့ ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့‌ခြင်းကြောင့် ခရီးသွားကားများ ယာယီပိတ်ထားကြောင်း မြစ်ကြီးနား – ဗန်းမော် ပြေးဆွဲနေသည့် ကားဆရာများထံမှ သိရသည်။

တပ်မတော်နှင့် ‌KIA လက်နက်ကိုင် တပ်ဖွဲ့တို့ ဇူလိုင်လ ၂ရက်နေ့၊ နံနက် အစောပိုင်းက နန်ဆန်ယန်ကျေးရွာ အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ယမန်နေ့ကစ၍ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအား ပြေးဆွဲခြင်း ရပ်နားထားကြောင်း ကားဆရာတစ်ဦးက ရှင်းပြသည်။

” တိုက်ပွဲတွေ ပြန်ဖြစ်လာမယ့် အခြေအနေတစ်ခုမှာ ရှိနေတယ်။ မနေ့က မနက်ပိုင်းအချိန်မှာ တိုက်ပွဲ‌ေတွ ဖြစ်ပွားခဲ့တယ်။ အဲ့တာကြောင့် အခုကားလမ်းပိုင်းကို ဘယ်သူမှမသွားရဲဘူး နှစ်ဖက်စစ်ဆေးမှုတွေ တင်းကြပ်နေတယ်။ ကားတွေလည်း မထွက်ရဲဘူး ” ဟု ၎င်းကပြောသည်။

ယမန်နေ့နံနက် အစောပိုင်းက တပ်မတော်နှင့် ‌KIA လက်နက်ကိုင်အဖွဲ့တို့ နန်ဆန်ယန် ကျေးရွာအုပ်စုအတွင်း၌ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် စစ်ရေးတင်းမာနေလျက်ရှိပြီး ခရီးသည်ကားများ သွားလာခြင်း ပိတ်ပင်ထားမှုနှင့် ဒေသခံပြည်သူများ ဘုရားကျောင်းတို့ တွင် တိမ်းရှောင်ထွက်ပြေးလာခြင်းများလည်းရှိကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် မြစ်ကြီးနား – ဗန်းမော် – လိုင်ဇာ ကားလမ်းပိုင်းအား ယမန်နေ့ မနက်ပိုင်းကစ၍ သွားလာခြင်း မရှိကြောင်း သိရပြီး၊ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းဖြင့် သွားလာခြင်း မရှိသော်လည်း ရေလမ်းကြောင်းမှ အမြန်ယာဉ်ဖြင့် သွားလာခွင့်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။